ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ် အမြင့်ဆုံးရောက်လာကြောင်း ဆွီဒင်ပညာရှင်ပြောကြား

စတော့ဟုမ်း၊ ဧပြီ ၂၂

ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်များမှာ ၂၀၂၃ ခုနှစ်တွင် ကိုးနှစ်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်းနှင့် ၁၉၈၈ ခုနှစ်က မှတ်တမ်းစတင်ကောက်ယူသည့်နောက်ပိုင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိလာကြောင်း ဆွီဒင်ပညာရှင် တစ်ဦးက ပြောသည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာနက ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သော ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာ၌  ကမ္ဘာတစ်ဝန်းရှိ စစ်ရေးအသုံးစရိတ် စုစုပေါင်းမှာ ဒေါ်လာ ၂ ဒသမ ၄၄၃ ထရီလီယံရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ စစ်ရေးအသုံးစရိတ်ပမာဏမှာ ယခင်နှစ် ကထက် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း လည်း ဖော်ပြထားသည်။

စစ်ရေးအသုံးစရိတ် အများဆုံးစာရင်းတွင် အမေရိကန်က ဒေါ်လာ ၉၁၆ ဘီလီယံဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ယခင်နှစ်ကထက် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသည်ဟု ဆိုသည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၂၉၆ ဘီလီယံဖြင့် ရပ်တည်နေပြီး ၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

ဥရောပ၊ အာရှနှင့် ကျွန်းနိုင်ငံတို့အပြင် အရှေ့အလယ်ပိုင်းတို့တွင် စစ်ရေးအသုံးစရိတ် သိသိသာသာ မြင့်တက်လာကြောင်း  အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။    

အင်န်အိတ်ချ်ကေ