ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု အလားအလာ

 

ထွန်းကျော်

 

ငွေကြေးဖောင်းပွမှုတွေ မြင့်တက်လာခြင်းဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ ဘဏ္ဍာရေးအထိနာခြင်းနဲ့မသေချာမှုတွေကို ဖြစ်စေပါတယ်။ ဂျပန်နိုင်ငံမှာ စိတ်ဓာတ်ကျခြင်းဟာ ဒုတိယအချက်အဖြစ် ပထမပြောခဲ့တဲ့အချက်နဲ့ပေါင်းပြီး တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ရှိရင်းစွဲအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

 

မူဝါဒချမှတ်သူတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်

 

ကုန်ဈေးနှုန်းတွေက မြင့်တက်၊ ယန်းတန်ဖိုးက ကျဆင်းနေချိန်မှာ ဝယ်လိုအားကလည်း ကျဆင်းနေပါတယ်။ အများစုသော ဂျပန်အိမ်ထောင်စုတွေ ဟာ သူတို့ရဲ့ ဘဏ္ဍာရေးပေါ်မှာ နှစ်ဆတိုး ဝန်ပိနေမှုတွေ ဘယ်အချိန်မှာ   လျော့နည်းသက်သာသွားမလဲဆိုပြီး စဉ်းစားတွေးတောလျက် ရှိပါတယ်။ အဖြေကတော့ ပစိဖိတ်တစ်ဖက်ခြမ်း (အမေရိကန်)မှာ ရှိတဲ့ မူဝါဒချမှတ်သူတွေရဲ့  ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နိုင်ပါတယ်။

 

ကုန်ဈေးနှုန်းမြင့်တက်လာတာကို ထိန်းချုပ်ဖို့လုပ်ဆောင်

 

နိုင်ငံအများအပြားမှာရှိတဲ့ အစိုးရအရာရှိတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေဟာ တင်းကျပ်တဲ့ငွေကြေး ထိန်းချုပ်မှုတွေမှတစ်ဆင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေကြပါတယ်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကို ဖြစ်စေနိုင်တဲ့အထိ တိုးတက်မှုနှေးကွေးနိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သတိပေးထားပါတယ်။

 

ဒီသဘောတရားကို ထင်ဟပ်စေ

 

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ဒီသဘောတရားကို ထင်ဟပ်စေခဲ့ပါတယ်။ ထို့အတူ ကုန်ဈေးနှုန်းတိုးမြင့်လာခြင်းဟာ အမှန်တကယ်ဝင်ငွေရရှိမှုတွေကို အကျပ်တွေ့စေပြီး မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို နှောင့်နှေးစေခြင်းဖြင့် လက်ရှိအနေအထားနဲ့ အနာဂတ်သာယာ ဝပြောမှုကို ခြိမ်းခြောက်လျက်ရှိပါတယ်။

 

ပြန်ကျဖို့ အချိန်ယူရဦးမယ်

 

သက်သာရာရစေမယ့် လက္ခဏာတချို့တော့ ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စားသုံးသူဈေးနှုန်း အညွှန်းကိန်းဟာ ၂၀၂၂ ခုနှစ်မှာ ၈ ဒသမ ၈ ရာခိုင် နှုန်းအထိ တက်လာမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမှာ ဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထား ပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ စားသုံးသူအညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ ရောက်ရှိခဲ့တဲ့ ၄ ရာခိုင်နှုန်းနီးပါးအထိ ပြန်မကျဆင်းမီ တစ်နှစ်ကျော်လောက်အချိန် ယူရဦးမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့က ခန့်မှန်းထားပါတယ်။

 

ငွေကြေးဖောင်းပွမှုအပေါ် အကျိုးသက်ရောက်မှုတွေဖြစ်

 

ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ကပ်ရောဂါနဲ့ ယူကရိန်းပဋိပက္ခတွေကြောင့် ငွေကြေးဖောင်းပွမှုအပေါ် အများကြီး အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ အဲဒီအခြေအနေတွေက စွမ်းအင်ဈေးနှုန်းတွေ၊ ကုန်စည်စီးဆင်းမှု အနေအထားတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဆိုတဲ့ နာကျင်ခံစားမှုတွေကို အမြင့်ဆုံးအထိရောက်ရှိအောင် မီးလောင်ရာ လေပင့်ဖြစ်စေပါတယ်။

 

စိုးရိမ်နေကြ

 

အမေရိကန်ပြည်ထောင်စုမှာဆိုရင် အမေရိကန် ပြည်ထောင်စုရဲ့အရန်ငွေဘုတ်အဖွဲ့ဟာ ဒီအခြေအနေတွေအပေါ် စဉ်ဆက်မပြတ် ငွေကြေးတင်းကျပ်မှုပုံစံနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ မူဝါဒ ချမှတ် အကောင်အထည်ဖော်သူတွေဟာ နိုဝင်ဘာ ၂ ရက်မှာ ၀ ဒသမ ၇၅ ရှိတဲ့ အခြေခံအတိုးနှုန်းကို မြှင့်တင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီအရွေ့ဟာ ကမ္ဘာကြီးကို စီးပွားပျက်ကပ် ချောက်ကမ်းပါးဆီသို့ တွန်းပို့မယ့် လှုပ်ရှားမှုတစ်ခု ဖြစ်လာမယ်ဆိုပြီး တချို့က စိုးရွံ့နေကြပါတယ်။

 

အမေရိကန်အလုပ်လက်မဲ့နှုန်းဟာ တည်ငြိမ်လျက်ရှိသော်လည်း အိမ်ရာဈေးကွက်ဟာ အကျဘက်ကို ရောက်နေသလို တစ်ကိုယ်ရေသုံးစွဲနိုင်မှု တွေလည်း ကျဆင်းနေပါတယ်။

 

mdn

 

ယန်းတန်ဖိုး ကျဆင်း

 

အမေရိကန်ပြည်ထောင်စုရဲ့ အရန်ငွေနှုန်းတွေ မြင့်တက်လာတယ်ဆိုတဲ့ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှု တစ်ခုကတော့ ကမ္ဘာတစ်ဝန်းလုံး မှာရှိတဲ့ ငွေကြေးတွေ လျင်မြန်စွာတန်ဖိုးလျော့နည်း ကျဆင်းလာတာပဲ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေ အထူးသဖြင့် ဂျပန်နိုင်ငံဟာ ဒါကိုအလူးအလဲခံစား နေရပါတယ်။

 

ဂျပန်နိုင်ငံမှာ ဒီနှစ်ရဲ့ အစပိုင်းကတည်းက ယန်းတန်ဖိုးဟာ ဒေါ်လာထက် ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ငွေကြေးဈေးကွက်မှာ ဖရိုဖရဲ ဖြစ်နေခြင်းဟာ ကမ္ဘာ့စွမ်းအင် အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပါတယ်။

 

ဈေးပိုပေးခဲ့ရ

 

ဘရန့် ရေနံစိမ်းဈေးဟာ ဖေဖော်ဝါရီလနဲ့ စက်တင်ဘာလကြားမှာ ၆ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။ ရေနံစိမ်းဈေးတွေ ကျဆင်းလာသော်လည်း ရေနံတင်သွင်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ ဈေးပိုပေးခဲ့ရပါတယ်။

 

စီးပွားပျက်ကပ်ခြောက်လှန့်မှုနဲ့အတူ စီးပွားရေးပညာရှင်တွေနဲ့ ဈေးကွက်စောင့်ကြည့်သူတွေဟာ ဘာတွေဖြစ်လာမလဲဆိုပြီး အမေရိကန် ပြည်ထောင်စုရဲ့အရန်ငွေ (Fed) ကို စောင့်ကြည့်နေကြပါတယ်။ တချို့ကျွမ်းကျင်သူတွေက အဆိုးဆုံးအခြေအနေကို မကြာမီကျော်လွှားတော့မယ်ဆိုပြီး အကြံပြုထားတဲ့ မကြာသေးမီက ထွက်ပေါ်လာတဲ့ အမေရိကန်စားသုံးသူ အညွှန်းကိန်းကို ထောက်ပြပြီး ဗဟိုဘဏ်က သူ့ရဲ့အတိုးနှုန်းမြင့်တက်မှုကို ဒီဇင်ဘာလမတိုင်မီ ၀ ဒသမ ၅ နှုန်းအထိ နှေးကွေးစေမယ်လို့ ခန့်မှန်းထားပါတယ်။ ဇွန်လမှာ ကုန်ဈေးနှုန်းတွေဟာ လွန်ခဲ့သောနှစ် အလားတူလထက် ၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက် လာခဲ့ပါတယ်။ စက်တင်ဘာလမှာ ကုန်ဈေးနှုန်းတွေ ဟာ ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

 

အလှမ်းဝေးနေဆဲဖြစ်

 

အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီအထိ သူ့ရဲ့လက်ရှိ အဆင့်ထက် ထက်ဝက်လျော့ကျအုံးမှာ မဟုတ်သေးဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းဖို့ တင်းကျပ်တဲ့ နည်းလမ်းတွေ အသုံးပြုခြင်းနဲ့ လျင်မြန်စွာ နှေးကွေးလာမှုကို ဟန့်တားရင်း အခြေအနေတွေကို ဟန်ချက်ညီအောင် ကြိုးစားဖို့ဆိုတာ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။

 

ဆယ်စုနှစ်ကြာ ကျဆင်း

 

ဒီဖြစ်စဉ်ရဲ့ တခြားတစ်ဖက်မှာတော့ ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေကြား သာလွန်နေတဲ့ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဗဟိုဘဏ်ဟာ နှစ်ပေါင်းအတော်ကြာ ကြီးမားတဲ့ ဖြေလျှော့မှု အစီအစဉ်တစ်ခုကို ချမှတ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး ကူရိုဒါဟာရူဟီကိုဟာ ဒါကိုဘယ်အချိန်မှ မပြောင်းဖို့ အကြံပြုထားပါတယ်။ အကျိုးဆက်အားဖြင့်တော့ ဂျပန်ယန်းတန်ဖိုးဟာ ဆယ်စုနှစ်ကြာကျဆင်း နေတာပဲဖြစ်ပါတယ်။

 

စွန့်စားမှုတွေများပြား

 

ဂျပန်အာဏာပိုင်တွေဟာ ယန်းငွေကျဆင်းမှုကို ဟန့်တားဖို့ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဈေးကွက်မှာ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေဟာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။ အမေရိကန် အရန်ငွေရဲ့အတိုးနှုန်းကို နှေးကွေးလိုက်ပါက ယန်း တန်ဖိုးကျဆင်းမှုကို နှေးကွေးစေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လိုမျိုး အကောင်းမြင်ဝါဒီမျိုးကိုမဆို လက်တွေ့ကျကျ လုပ်ဆောင်ခြင်းနဲ့သာ ချိန်ထိုးရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ စွန့်စားမှုတွေ များပြားလှပါတယ်။ ။

 

ကိုးကား- အင်န်အိတ်ချ်ကေ