ဒီဇင်ဘာ ၃၁
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုသည် မလေးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်က ရေကြီးရေလျှံမှုများ ၈၀၉ မှ ၁၃၄၅ ကြိမ်အထိ မြင့်တက်လာမှုအပါအဝင် ၂၀၂၄ ခုနှစ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများစွာရှိခဲ့ကြောင်း ယမန်နေ့က တရားဝင်အချက်အလက်များပြသခဲ့သည်။
ဘူတာရုံ ၄၂ ခုမှ မှတ်တမ်းတင်ထားသော အမြင့်ဆုံးပျမ်းမျှအပူချိန်တွင် ဘူတာရုံ ၃၃ ခုတွင် သုည ဒသမ တစ် ဒီဂရီစင်တီဂရိတ်နှင့် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အကြား ကျဆင်းမှုကို ပြသခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဘူတာရုံနှစ်ခုသာ အနည်းငယ်တိုးလာကြောင်း မလေးရှားစာရင်းအင်းဌာနက ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


