ကမ္ဘာလုံးတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဒသမ ၅ သန်း ကျော်ရှိလာ

၅ မေ

 

ကမ္ဘာတစ်ဝှမ်းတွင် အတည်ပြု ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်  ၃ ဒသမ ၅ သန်းကျော် ရှိလာကြောင်း အမေရိကန်တက္ကသိုလ်မှစုဆောင်းထားသော အချက်အလက်က ပြသထားသည်။

 

တနင်္လာနေ့ဒေသစံတော်ချိန် ၁၈ နာရီတွင် ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ အရေအတွက် ၃၅၅၂၉၈၅ ဦး အထိရှိလာသည်ဟု ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် က ဆိုသည်။

 

ကူးစက်ခံရသူ ၁၁၇၀၇၁၉ ဦး ဖြင့် အမေရိကန်ပြည်ထောင်စုက ဦးဆောင်နေပြီး စပိန်တွင် ၂၁၇၄၆၆ ဦး၊ အီတလီတွင် ၂၁၁၉၃၈ ဦး၊ ဗြိတိန်တွင် ၁၉၁၈၂၇ ဦး နှင့် ပြင်သစ်တွင် ၁၆၈၉၆၉ ဦး တို့ ကူးစက်ခံနေရသည်။

 

ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၄၉၀၇၉ ဦး ရှိလာသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး  သေဆုံးသူ ၆၈၀၄၆ ဦး ရှိသည်။

 

ကိုဗစ်-၁၉ ကြောင့် အီတလီတွင် ၂၉၀၇၉ ဦး၊ ဗြိတိန်တွင် ၂၈၇၃၄ ဦး၊ စပိန်တွင် ၂၅၂၆၄ ဦး နှင့် ပြင်သစ်တွင် ၂၄၈၆၄ ဦး တို့ သေဆုံးခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို