၁၀ ဇွန်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာ လာမယ့်နှစ်အတွင်း စီးပွားရေး ပြန်လည် တိုးတက်လာနိုင်ပေမယ့် သန်း ၇၀ ကျော်သော ကမ္ဘာ့လူဦးရေကတော့ ဆိုးရွားတဲ့ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဟာ နှစ်ပေါင်း ၈၀ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်တဲ့အတွက် ကမ္ဘာ့လူဦးရေ သန်း ၇၀ ကနေ ၁၀ဝ ကြားရှိဟာ ဆိုးရွားတဲ့ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း၊ ဆိုးရွားတဲ့ ဆင်းရဲမွဲတေမှု ဆိုရာမှာ တစ်နေ့ကို ၁.၉ ဒေါ်လာ ဝင်ငွေရှိသူတွေလို့ ကပ်ရောဂါ မတိုင်မီက အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြောင်း သိရပါတယ်။
ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေကတော့ ၂၀၂၁ ခုနှစ်မှာ စီးပွားရေးဟာ ၄ ရာခိုင်နှုန်း ပြန်လည် တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
နိုင်ဂျီးရီးယား၊ အိန္ဒိယနဲ့ ကွန်ဂို နိုင်ငံတွေမှာ ကမ္ဘာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံကျော်နေထိုင်တာကို တွေ့ရပါတယ်။ အဲဒီနိုင်ငံတွေမှာ တိုးတက်မှုဟာ ဝ.၈ ရာခိုင်နှုန်း၊ ၂.၁ ရာခိုင်နှုန်း နဲ့ ဝ.၃ ရာခိုင်နှုန်း အသီးသီးတွေ့ရမှာဖြစ်ပြီး လူဦးရေ တိုးပွားမှုမှာတော့ ၂.၆ ရာခိုင်နှုန်း၊ ၁.ဝ ရာခိုင်နှုန်း နဲ့ ၃.၁ ရာခိုင်းနှုန်းတွေ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆင်းရဲမွဲတေ မှုကို ထင်ထင်ရှားရှာ တွေ့နိုင်ကြောင်း ကမ္ဘာ့က သတိပေးထားပါတယ်။ တောင်အာရှမှာ နေထိုင်တဲ့ သုံးပုံနှစ်ပုံသော လူဦးရေ ၁၇၆ သန်းကတော့ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၃.၂၀ သာ ဝင်ငွေရှိတဲ့ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အတွင်း နေထိုင်ရနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
MDN
ကိုးကား- AFP