ပေကျင်း မတ် ၉

 

တရုတ်နိုင်ငံသည် မကြာသေးမီက လွှတ်တင်ခဲ့သည့် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုမှ ပေးပို့သည့် အချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် လက်ခံရရှိခဲ့ကြောင်း အဆိုပါ အာကာသယာဉ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သိပ္ပံပညာရှင်များက မတ် ၈ ရက်တွင် ပြောကြားသည်။

 

တရုတ်နိုင်ငံသည် အဆိုပါကမ္ဘာမြေလေ့လာရေးဂြိုဟ်တု L-SAR 01B အား Long March-4C အမည်ရှိ ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် လွှတ်တင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု L-SAR 01B မှ ပေးပို့သည့် ၁၆ ဒသမ ၅၅ ဂစ်ဂါဘိုက်အရွယ်အစားရှိ အချက်လက်များအား မြို့တော်ပေကျင်း၏ အရှေ့မြောက်ပိုင်း မီယွန်းခရိုင်၌ တည်ရှိသည့် မြေပြင်အခြေစိုက်စခန်းက လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ် သိပ္ပံအကယ်ဒမီအောက်ရှိ အာကာသသတင်းအချက်အလက် သုတေသနဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်