၁၀ ဩဂုတ်
-အမေရိကန်-
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးတွေ့ရှိသူ ငါးသန်းကျော်သွားပြီး သေဆုံးသူ ၁၆၂,၀၀၀ ကျော်သွားကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
-ဘရာဇီး-
လူဦးရေ ၂၁၂ သန်း နေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀၀,၄၇၇ ဦးနဲ့ ရောဂါပိုးတွေ့ရှိသူ ၁,၀၁၂,၄၁၂ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ သေဆုံးသူများတဲ့ နိုင်ငံဖြစ်ပါတယ်။
-ချီလီ-
ချီလီနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် ငါးလအတွင်း သေဆုံးသူ ၁၀,၀၀၀ ကျော်သွားကြောင်း သိရတဲ့အတွက် လက်တင်အမေရိက နိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ပိုးဒဏ် ခံရဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
လူဉီးရေ ၁၈ သန်းသာရှိသော ချီလီနိုင်ငံမှာ လူဦးရေ ၁ သန်းမှာ ၅၂၃ ဒသမ ၇ ဦး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတဲ့အတွက် ဘရာဇီးနိုင်ငံရဲ့ ၄၇၂ ဒသမ ၇ ဦးထက် များပြားတာကို တွေ့ရပါတယ်။
-တောင်အာဖရိက-
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁၀,၀၀၀ ကျော်သွားကြောင်းနဲ့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၅၃,၁၈၈ ဦးရှိကြောင်း သိရပါတယ်။ အာဖရိကတိုက်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူစုစုပေါင်းရဲ့ တစ်ဝက်ကျော်ဟာ တောင်အာဖရိကတွင် တွေ့ရှိပြီး ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ ပဉ္စမနေရာတွင် ရှိနေပါတယ်။
-ကမ္ဘာ့ ဗိုင်းရပ်စ်ပိုးအခြေအနေ-
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ အနည်းဆုံး ၇၂၇,၂၈၈ ဦး ရှိနေချိန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉,၆၇၄,၂၉၀ ဦးရှိတဲ့အတွက် လူဦးရေ သန်း ၂၀ နီးပါးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၁၁,၆၆၅,၂၀၀ ဉီးရှိကြောင်း သိရပါတယ်။
-မျက်နှာဖုံးနဲ့ ပဲရစ်မြို့-
ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များလာတဲ့အတွက် ပဲရစ်မြို့မှာ မျက်နှာဖုံးဟာ ဝတ်ကိုဝတ်ဆင်ရမယ့် ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ပဲရစ်မြို့ရှိ လမ်းပေါင်း ၁၀၀ ကျော်နဲ့ ခရီးသွားတွေ များတဲ့နေရာတွေမှာ မျက်နှာဖုံးဝတ်ကို ဝတ်ဆင်ရမယ်လို့ ပြဋ္ဌာန်းလိုက်ပါတယ်။ မျက်နှာဖုံးဝတ်ဆင် မပြုသူများကို ဒဏ်ကြေး ယူရိုငွေ ၁၃၅ (အမေရိကန်ဒေါ်လာ ၁၆၀) ပေးဆောင်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။
MDN
ကိုးကား- AFP