ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်ရေးစာချုပ်မှာ တရုတ်နိုင်ငံ ပါဝင်မယ်

၂၂ ဇွန်

 

ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်ရေးစာချုပ်မှာ တရုတ်နိုင်ငံက ပါဝင်မယ်လို့ တရုတ်အစိုးက တနင်္လာနေ့မှာ ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံကတော့ ပါဝင်ဖို့ကို ငြင်းပယ်ထားပါတယ်။

 

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်ရေး စာချုပ်မှာ ပါဝင်ရေးအတွက် ပြီးခဲ့တဲ့ စနေနေ့က မဲခွဲခဲ့ကြောင်း သိရပါတယ်။ ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်ရေး စာချုပ်ဟာ လက်နက်တွေကို ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို မရောက်ရေး ထိန်းချုပ်ရန်ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံက ကုလသမဂ္ဂရဲ့ လက်နက်ကုန်သွယ်ရေးစာချုပ်မှာ ၂၀၁၄ ခုနှစ်က သက်ဝင်ခဲ့ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်ပြီးနောက် စာချုပ်အဖွဲ့ဝင်နိုင်ငံကနေ မနှစ်က နုတ်ထွက်ခဲ့ပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက တရုတ်နိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးကို အလေးထားကြောင်း၊ ကမ္ဘာကြီးနဲ့ ဒေသဆိုင်ရာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ရှေးရှုနေကြောင်း၊ တရုတ်နိုင်ငံက သူ့နိုင်ငံထုတ်ပစ္စည်းတွေကို အချုပ်အခြာအာဏာပိုင်နိုင်ငံကိုသာ တင်ပို့ကြောင်း၊ non-state actors တွေဆီကို မတင်ပို့ကြောင်း ပုံမှန်ပြုလုပ်နေကြ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ က ပြောပါတယ်။

 

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်အရ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံပြီးရင် ဒုတိယအများဆုံး လက်နက်ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့  သိရပါတယ်။

 

MDN

ကိုးကား - AFP