ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ် ၀င်ဘယ်ဒန်တင်းနစ်ဖလား ခြောက်ကြိမ်မြောက် ဆွတ်ခူး

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အီတလီတင်းနစ်ကစားသမား ဘာရက်တီနီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲမှာ ဘာရက်တီနီကို အနိုင်ရရှိခဲ့ပြီး ဝင်ဘယ်ဒန်တင်းနစ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ဘာရက်တီနီကို ၆-၇၊ ၄-၇၊ ၆-၄၊ ၆-၄၊ ၆-၃ နဲ့ အနိုင်ရရှိကာ ဝင်ဘယ်ဒန်တင်းနစ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့တာကြောင့် ဝင်ဘယ်ဒန်တင်းနစ်ဖလားကို ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပြီး တင်းနစ်လောကရဲ့ အခြားသော နာမည်ကြီးတင်းနစ်ကစားသမားတွေဖြစ်တဲ့ ရော်ဂျာဖက်ဒဲရာ၊ ရာဖေးလ်နာဒယ်တို့ရဲ့ တင်းနစ်ဖလား ရရှိမှုစံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ဂရန်းဆလမ်း ချန်ပီယံဆုဖလားသုံးလုံးအထိ  ရယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး အခု ဝင်ဘယ်ဒန်တင်းနစ်ဖလားမရရှိမီက ဩစတြေးလျအိုးပင်းနဲ့ ပြင်သစ်အိုးပင်းတို့မှာ ဗိုလ်စွဲ ထားခဲ့တာ ဖြစ်ပါတယ်။

တင်းနစ်လောကရဲ့ ဂရန်းဆလမ်းဆုဖလားအများဆုံးရရှိခဲ့သူများစာရင်းမှာ ဩစတြေးလျတင်းနစ်မယ် မာဂရက်ကော့က ဂရန်းဆလမ်းဆုဖလား ၂၄ ကြိမ်၊ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက ဂရန်းဆလမ်းဆုဖလား ၂၃ ကြိမ်၊ ဂျာမနီတင်းနစ်မယ် စတက်ဖီဂရက်ဇ်က ဂရန်းဆလမ်းဆုဖလား ၂ ကြိမ်၊ ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်၊ ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲရာနဲ့ စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်တို့ကတော့ ဂရန်းဆလမ်းဆုဖလားကို အကြိမ် ၂၀ စီ ရရှိ ထားတာ ဖြစ်ပါတယ်။

ငွေကြယ်