ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆွီယာတက်ခ် ပြင်သစ်အိုးပင်း ဆီမီးဖိုင်နယ် တက်လှမ်း

ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် ဆွီယာတက်ခ်ဟာ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ကွာတားဖိုင်နယ်အဆင့်မှာ ပိုလန်တင်းနစ်မယ် ဂျက်ဆီကာပီဂူလာကို အနိုင်ရရှိခဲ့တာ ကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆွီယာတက်ခ်ဟာ ဂျက်ဆီကာပီဂူလာကို ၆-၃၊ ၆-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ဒီရီယာကာဆက်ကီနာနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ဒီရီယာကာဆက်ကီနာဟာ ကွာတားဖိုင်နယ် အဆင့်မှာ ကူဒါမီတိုဗာကို ၆-၄၊ ၇-၆(၇-၅) နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အခြားသော ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်အဆင့်မှာ ခရိုအေးရှားတင်းနစ်ကစားသမား မာရင်စီလစ်ဟာ ရုရှားတင်းနစ်ကစားသမား ရုဘ်လက်ဗ်ကို အနိုင်ရရှိ ခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်အဆင့်မှာ မာရင်စီလစ်က ရုဘ်လက်ဗ်ကို ၅-၇၊ ၆-၃၊ ၆-၄၊ ၃-၆၊ ၇-၆(၁၀-၂)နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မာရင်စီလစ်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ နော်ဝေတင်းနစ်ကစားသမား ကက်စပါရုဒ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ငွေကြယ်