ဘန်ဒါဆီရီဘီဂါဝန်  ဇူလိုင်  ၁၅

ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံး  ဘုရင်ဖြစ်သည့် ဘရူနိုင်းနိုင်ငံ ဆူလ်တန် ဟက်ဆာနယ် ဘိုလ်ကီးယား၏ အသက် (၈၀) ပြည့်မွေးနေ့ အခမ်းအနားကို ဇူလိုင် ၁၅ ရက်တွင် ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆီရီ ဘီဂါဝန်၌ ကျင်းပခဲ့သည်။

ဘိုလ်ကီးယားသည်  ၁၉၆၇  ခုနှစ်  အသက်  ၂၁ နှစ်အရွယ်တွင် ဆူလ်တန် (ဘုရင်)အဖြစ် နန်းတင်ခံခဲ့ရသည်။ ဗြိတိန်ဘုရင်မ ဒုတိယမြောက် အဲလိဇဘက် ကွယ်လွန်ပြီးနောက်  ၎င်းသည်  ကမ္ဘာပေါ်တွင် နန်းသက်အရှည်ဆုံး ဘုရင်ဖြစ်လာခဲ့သည်။

ထို့ပြင် ၎င်းသည် ဘရူနိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ်  တာဝန်ထမ်းဆောင်လျက်ရှိသကဲ့သို့ ကာကွယ်ရေးဝန်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးများကိုလည်း တစ်ပြိုင်နက်တည်း တာဝန်ယူထားသည်။

ဘရူနိုင်းနိုင်ငံ၌  လူဦးရေ  ၄၆၀၀၀၀ ခန့် နေထိုင်ကြပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများသည် နိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍဖြစ်သည်။ ဘိုလ်ကီးယား၏ သားအကြီးဆုံးကို အိမ်ရှေ့မင်းသားအဖြစ် ၁၉၉၈ ခုနှစ်တွင် တရားဝင်ကြေညာထားခဲ့သည်။  

အင်န်အိတ်ချ်ကေ