ကမ္ဘာ့ပျော်ရွင်မှုအညွှန်းကိန်းတွင် ဗီယက်နမ်နိုင်ငံ အဆင့် ၉၄ တွင် ရှိနေ

ကြာသပတေးနေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂအဖွဲ့၏ နှစ်စဉ် ကမ္ဘာ့ပျော်ရွင်မှုအညွှန်းကိန်းတွင် ကမ္ဘာ့နိ်ုင်ငံ ၁၅၆ နိုင်ငံအနက် ဗီယက်နမ်နိုင်ငံသည်  ပြီးခဲ့သည့်နှစ်ကထက် အဆင့်တစ်ဆင့်ခုန်တက်ကာ အဆင့် ၉၄သို့ ရောက်ရှိလာခဲ့သည်။


ဖင်လန်နိုင်ငံက ကမ္ဘာ့ပျော်ရွှင်မှုအညွှန်းကိန်းတွင် ဒိန်းမတ်နိုင်ငံ၊ နော်ဝေနှင့် အိုက်စလန်တို့ကိုကျော်၍ နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးနေရာ၌ ရှိနေသည်။ တောင်ဆူဒန်နိုင်ငံသည် ပျော်ရွင်မှု အနည်းဆုံးနိုင်ငံအဖြစ် အဆင့်သတ်မှတ်သည်။

 

mdn


ပျော်ရွင်မှုအဆင့်များကို ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၊ လူမှုရေးဆိုင်ရာ ပံ့ပိုးမှု၊ ကျန်းမာရေးဆိုင်ရာ လူ့သက် တမ်း၊ ဘဝရွေးချယ်မှုများအတွက် လွတ်လပ်မှု၊ သဒ္ဓါတရားထက်သန်မှုနှင့် အကျင့်ပျက်ချစားမှုကင်းစင်မှုဆို သော အရေးပါသည့် အချက် ၆ ချက်အပေါ် အခြေခံ၍ တွက်ချက်ခြင်းဖြစ်သည်။  

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်