ရန်ကုန် ဇူလိုင် ၂၆
စပိန်လာလီဂါကလပ်ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဘောလုံးဆုရရှိခဲ့တဲ့ စပိန်ကွင်းလယ်ကစား သမားရိုဒရီကို စာချုပ်ချုပ်ဆို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။
အသက် ၃၀ အရွယ်ရှိ ကွင်းလယ် ကစားသမားရိုဒရီဟာ လက်ရှိ ကလပ်မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေပြီး ၂၀၂၇ ခုနှစ် မှာကုန်ဆုံးမှာလည်းဖြစ်ပါဆယ်။
ကွင်းလယ်ကစားသမားရိုဒရီဟာ စပိန်အသင်းနဲ့အတူ ၂၀၂၄ ခုနှစ်အတွင်းက ယူရိုချန်ပီယံဖြစ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲစဉ်စုစုပေါင်းရှစ်ပွဲစလုံးမှာ အသင်းခေါင်းဆောင်နဲ့ ကနဦးပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းက ဘလွန်းဒီအောဆုရရှိခဲ့တဲ့ ကွင်းလယ်ကစားသမားရိုဒရီဟာ မန်စီးတီးအသင်းနဲ့အတူ ခုနစ်နှစ်ကြာ ပါဝင်ကစားခဲ့ရာမှာ ပရီမီယာလိဂ်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် စသဖြင့် ဆွတ်ခူးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရိုဒရီဟာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၂၉၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၂ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


