ရန်ကုန် ၁၅ ဇွန်
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)ရှိ ရွှေဥဒေါင်းခန်းမ၌ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပမည့် “ကမ္ဘာရေးရာ ဆွေးနွေးပွဲ” ကို Myanmar Digital News Facebook Page မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

မြန်မာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပသည့် ကမ္ဘာရေးရာဆွေးနွေးပွဲတွင် မြန်မာလေ့လာရေးအဖွဲ့မှ ဦးအေးမောင်ကျော်က “တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ဝင် ဦးမိုးဇော်ဦးက “ယီမင်စစ်ပွဲနှင့် နောက်ဆက်တွဲပြဿနာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင် ဆွေးနွေးကြမည့်အပြင် ဖိတ်ကြားထားသော ပညာရှင်(၅၀)ခန့်အနက်မှလည်း ပါဝင်ဆွေးနွေး ကြမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး Myanmar Digital News Facebook Page မှလည်း တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
MDN