ကမ္ဘာ့သစ်နေ့ ဓာတ်ပုံပြိုင်ပွဲ မြန်မာရွှေတံဆိပ်ဆုရရှိ

မန္တလေး ဧပြီ ၈

ဩစတြီးယားနိုင်ငံမှ ကြီးမှူးကျင်းပသော “World Wood Day” ကမ္ဘာ့ သစ်နေ့အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မျိုးမင်းကြွယ် (ရွှေတောင်ကြား)က Grand Prize ဆုကြီး ဆွတ်ခူးရရှိခဲ့ကြောင်း မတ်လ တတိယပတ်က ကြေညာခဲ့သည်။

ဆိုပါပြိုင်ပွဲတွင် (၁) People ကဏ္ဍ၊ (၂) Heritage ကဏ္ဍ၊ (၃) Environment ကဏ္ဍဟူ၍ ကဏ္ဍသုံးမျိုး သတ်မှတ်ထားရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဓာတ်ပုံပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မြန်မာနိုင်ငံမှ မျိုးမင်းကြွယ် (ရွှေတောင်ကြား)သည် Environment ကဏ္ဍတွင် ပထမဆုရရှိပြီး ကဏ္ဍသုံးခုပေါင်းအတွက် Grand Prize ဆု ရရှိခဲ့ သည်။ ထို့အတူ မြန်မာနိုင်ငံမှ ဇေယျလင်း က Environment ကဏ္ဍတွင် ဒုတိယဆုနှင့် Heritage ကဏ္ဍတွင် တတိယဆု ရရှိကြသည်။

ဆုကြေးငွေမှာ Grand Prize ဆု အတွက် အမေရိကန်ဒေါ်လာ ၂၅၀ဝ၊ ပထမဆုအတွက် အမေရိကန်ဒေါ်လာ ၁၈၀ဝ နှင့် ဒုတိယဆုမှ အထူးဆု (၁၂)ဆုအထိ အမေရိကန်ဒေါ်လာ ၃၀ဝ စီ ချီးမြှင့်သွားမည် ဖြစ်သည်။ Grand Prize ဆုရရှိသော မျိုးမင်းကြွယ် (ရွှေတောင်ကြား)၏ ဆုရဓာတ်ပုံမှာ အနာဂတ် ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် လူငယ်များ၏ လက်ထဲတွင်ရှိကြောင်း ပုံဖော်ရိုက်ကူးထားသည်။ ပြိုင်ပွဲဝင်ဆုရဓာတ်ပုံများကို www.voubs.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်ကျော်ထွန်း (ပုသိမ်ကြီး)