ကျောက်ဆည် ၁၅ ဇွန်
ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် အကြိမ်(၇၀)ကျော် သွေးလှူဒါန်းခဲ့သူများအား ဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အကြိမ် (၇၀)အထက် သွေးလှူဒါန်ခဲ့ကြသည့် ဦးတင်လှိုင်ထွန်း၊ ဦးခင်မောင်ဆွေ၊ ဦးရဲဝင်း၊ ဦးအောင်တိုး၊ ဦးကျော် သင်း၊ ဦးထူးထူးနှင့် ဦးဝင်းနိုင်တို့(၇)ဦးအား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရ လက်ဆာင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ဇီဝိတဒါနသွေးလှူရှင် အသင်းသားများနှင့် အခြားသွေးလှူရှင်အသင်း၊ အဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)