၂၈ စက်တင်ဘာ

 

 

အမေရိကန်တက္ကသိုလ် တစ်ခုမှ  ကောက်ယူရရှိသည့် အချက်အလက်များအရ ကမ္ဘာ့တစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဉီးရေ တစ်သန်းနီးပါး ရောက်ရှိလာပြီဖြစ်သည်။

 

 

စက်တင်ဘာလ ၂၇ ရက်  အမေရိကန်စံတော်ချိန် ၁၈ နာရီအချိန်ထိ သေဆုံးသူ စုစုပေါင်း ၉၉၅၄၁၄ ဉီး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ပြောကြားခဲ့သည်။

 

 

သေဆုံးသူများမှာ အမေရိကန်ပြည်ထောင်စု၌ ၂၀၄၆၀၆ ဉီး၊ ဘရာဇီး၌ ၁၄၁၄၀၆ ဉီး၊ အိန္ဒိယ၌ ၉၄၅၀၃ ဉီး၊ မက္ကဆီကိုတွင် ၇၆၂၄၃ ဉီးနှင့် ဗြိတိန်၌ ၄၂၀၇၇ ဉီးတို့ ဖြစ်သည်။

 

 

ကမ္ဘာတစ်ဝန်း၌  ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာပေါင်း ၃၂၉၂၅၆၆၈ ဉီးရှိပြီဖြစ်သည်။

 

 

အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၇၀၉၃၂၈၅ ရှိပြီး အမေရိကန်ပြည်ထောင်စုသည် ကူးစက်မှုအများဆုံးဖြစ်ပြီး အိန္ဒိယနိုင်ငံ၌ ၅၉၉၂၅၃၅၂ ဉီး၊ဘရာဇီး၌ ၄၇၁၇၉၉၁ ဉီး၊ ရုရှား၌ ၁၁၄၆၂၇၃ ဉီးနှင့် ကိုလံဘီယာ၌ ၈၀၆၀၃၈ ဉီးတို့ဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်