ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှစ်သန်းကျော် ရှိလာ

၁၆ ဇွန်

 

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် ဇွန် ၁၆ ရက်နေ့တွင် ရှစ်သန်းကျော် ရှိလာပြီ ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ သုတေသန အချက်အလက်များအရ ရောဂါကူးစက်ခံရသူ ၈၀ဝ၅၂၉၄ ဦး ရှိပြီး ထိုကူးစက်ခံရမှုကြောင့် ၄၃၅၆၆၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

အမေရိကန်ပြည်ထောင်စုသည် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၁၀၇၉၁ ဦး ရှိသည်။

 

ဘရာဇီးနိုင်ငံတွင် ၈၈၈၂၇၁ ဦး၊ ရုရှားနိုင်ငံတွင် ၅၃၆၄၈၄ ဦး၊ အိန္ဒိယနိုင်ငံတွင် ၃၃၂၄၂၄ ဦးနှင့် ဗြိတိန်နိုင်ငံတွင် ၂၉၈၃၁၅ ဦးတို့ ကူးစက်ခံခဲ့ရသည်။

 

ကမ္ဘာ့နိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုသည် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၁၆၁၁၄ ဦး ရှိပြီး သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။

 

ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဗြိတိန်နိုင်ငံတွင် ၄၁၈၂၁ ဦး၊ အီတလီနိုင်ငံတွင် ၃၄၃၇၁ ဦး နှင့် ပြင်သစ်နိုင်ငံတွင် ၂၉၄၃၉ ဦး တို့ သေဆုံးခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို