၃ ဩဂုတ်

 

 

ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  အရေအတွက် ၁၈ သန်း နီးပါး ရှိလာသည်။

 

 

ကမ္ဘာတစ်ဝန်းတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၉၅၂၃၂၄ ဦးရှိသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ် က ဆိုသည်။

 

 

ယင်းသို့ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၆၈၆၈၇၇ ဦး အထိ မြင့်တက်လာသည်။

 

 

ကမ္ဘာနိုင်ငံများထဲတွင် အမေရိကန်ပြည်ထောင်စုသည် ကူးစက်မှု အများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၄ ဒသမ ၆ သန်းကျော်ရှိပြီ ဖြစ်သည်။ ကူးစက်မှု ဒုတိယ အများဆုံးမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး တတိယ ကူးစက်မှု အများဆုံး နိုင်ငံမှာ အိန္ဒိယ ဖြစ်သည်။

 

 

ထိုကူးစက်ခံရမှုကြောင့် သေဆုံးမှု အများဆုံး နိုင်ငံမှာလည်း အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ သေဆုံးသူ ဦးရေပေါင်း ၁၅၄၀ဝ၀ ကျော် ရှိသည်။

 

 

ဘရာဇီးနိုင်ငံသည် ဒုတိယသေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်။

 

 

တတိယသေဆုံးမှု အများဆုံးနိုင်ငံမှာ မက္ကဆီကို နိုင်ငံဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို