၂၇ ဇန်နဝါရီ

 

 

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ သန်းတစ်ရာကျော်အထိ ရောက်ရှိသွားပြီဖြစ်သည်။

 

 

အင်္ဂါနေ့အတွင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ သိရှိရခြင်း ဖြစ်သည်။

 

 

တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တွင် ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း သန်းလေးဆယ်ကျော် ရှိပြီဖြစ်သည်။

 

 

ပြီးခဲ့သည့် အပတ်က အမေရိကန် ပြည်ထောင်စုတွင် တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၇၀၀၀၀ ခန့်ရှိလာခဲ့သည်။

 

 

ဖွွံဖြိုးပြီး နိုင်ငံများတွင် ကာကွယ်ဆေး ထိုးနှံခြင်းကို လုပ်ဆောင်လျက် ရှိသည်။

 

 

အင်္ဂါနေ့အထိ ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေး အလုံးရေ ၆၉ သန်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အောက်စဖို့ တက္ကသိုလ်၏ ဖော်ပြသည့် အချက်အလက်များအရ သိရှိရသည်။

 

 

ပြည်သူ ၆၃ သန်းအား ကာကွယ်ဆေး ထိုးပေးခဲ့သော်လည်း ကမ္ဘာတစ်ဝန်း ကာကွယ်ဆေး ထိုးသည့် လူဉီးရေ နည်းနေသေးသည်ဟု ဆိုသည်။

 

 

ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့ရသည့် ဗိုင်းရပ်စ် မျိုးကွဲကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ ဉရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတိုက် အခြားနေရာများတွင်မူ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn