ဇန်နဝါရီ ၇

 

ကမ္ဘာတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ဖြစ်ပွားမှုသည် ပြီးခဲ့သည့်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ၇၁ ရာခိုင်နှုန်း သိသိသာသာတိုးလာသော်လည်း ထပ်မံသေဆုံးသူဦးရေမှာ ၁၀ ရာခိုင်နှုန်းလျော့နည်းလာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယမန်နေ့ကဆိုသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ယခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကိုဗစ်ရောဂါ ထပ်မံကူးစက်ဖြစ်ပွားမှု ၉ ဒသမ ၅ သန်းခန့်ရှိပြီး ထပ်မံသေဆုံးသူဦးရေ ၄၁၀၀၀ ကျော်ရှိကြောင်း WHO က ပြောကြားသည်။

 

ဒေသအားလုံးတွင် အပတ်စဉ် ကိုဗစ်ရောဂါဖြစ်ပွားမှုတိုးပွားလာရာ အမေရိကတွင် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး အရှေ့တောင်အာရှတွင် ၇၈ ရာခိုင်နှုန်းနှင့် ဉရောပတွင် ၆၅ ရာခိုင်နှုန်းတို့ရှိကြောင်း ဖော်ပြထားသည်။

 

အာဖရိကတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေထပ်မံတိုးလာသော်လည်း ကမ္ဘာတစ်ဝန်းရှိအခြားဒေသအားလုံးတို့တွင် ပြီးခဲ့သည့်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက သေဆုံးမှု လျော့နည်းလာသည်ဟု WHO က ပြောသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို