၃ ဇွန်
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ၆ ဒသမ ၃ သန်းကျော် အထိ မြင့်တက်လာသည်။
အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သတင်းအချက်အလက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှာ ယမန်နေ့ကအထိ ၆၃၂၅၃၀၃ ဦး ရှိပြီး သေဆုံးသူ အရေအတွက် ၃၇၇၄၆၀ ရှိသည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရမှု ၁၈၂၀၅၂၃ ရှိပြီး ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ၅၂၆၄၄၇ ဦး၊ ရုရှားနိုင်ငံတွင် ၄၂၃၁၈၆ ဦး၊ ဗြိတိန်နိုင်ငံတွင် ၂၇၉၃၉၁ ဦး၊ စပိန်နိုင်ငံတွင် ၂၃၉၉၃၂ ဦး နှင့် အီတလီနိုင်ငံတွင် ၂၃၃၅၁၅ ဦးတို့ ကူးစက်မှုခံရသည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၅၆၄၄ ဦး ရှိပြီး ကမ္ဘာတွင် သေဆုံးမှု အများဆုံး နိုင်ငံလည်း ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ဗြိတိန်နိုင်ငံတွင် ၃၉၄၅၁ ဦး၊ အီတလီနိုင်ငံတွင် ၃၃၅၃၀ ဦး၊ ဘရာဇီးနိုင်ငံတွင် ၂၉၉၃၇ ဦး၊ ပြင်သစ်နိုင်ငံတွင် ၂၈၈၃၆ ဦးနှင့် စပိန်နိုင်ငံတွင် ၂၇၁၂၇ ဦးတို့ သေဆုံးခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို