၁ ဇွန်

 

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်မှုသည် ယမန်နေ့က ၆ ဒသမ ၁ သန်း အထိ မြင့်တက်လာသည်။

 

အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သုတေသန အချက်အလက်အရ ဗိုင်းရပ်စ် ကူးစက်မှု ၆၁၀၈၅၂၅ ရှိပြီး သေဆုံးသူ အရေအတွက်မှာ ၃၇၀၄၁၆ ရှိသည်ဟု သိရသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၇၇၈၅၁၅ ရှိသဖြင့် ကမ္ဘာတွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်သည်။ဘရာဇီးနိုင်ငံတွင် ၄၉၈၄၄၀၊ ရုရှားနိုင်ငံတွင် ၄၀၅၈၄၃၊ ဗြိတိန်နိုင်ငံတွင် ၂၇၆၁၅၆၊ စပိန်နိုင်ငံတွင် ၂၃၉၄၇၉ နှင့် အီတလီနိုင်ငံတွင် ၂၃၃၀၁၉ တို့ ကူးစက်မှု ဖြစ်ပွားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် သေဆုံးမှု ၁၀၄၀၅၁ ရှိပြီး ကမ္ဘာတွင် သေဆုံးမှု အမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။

 

အဆိုပါ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဘရာဇီးနိုင်ငံတွင် ၃၈၅၇၁၊ အီတလီနိုင်ငံတွင် ၃၃၄၁၅၊ ဘရာဇီးနိုင်ငံတွင် ၂၈၈၃၄၊ ပြင်သစ်နိုင်ငံတွင် ၂၈၇၇၄ နှင့် စပိန်နိုင်ငံတွင် ၂၇၁၂၇ တို့ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို