ဂျီနီဗာ  ဇွန်  ၁၁

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေး ၁၃၈    သန်းခန့်သည် ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေကြသည်ဟု  ကုလသမဂ္ဂအဖွဲ့ အစည်းများက ပြောသည်။

အပြည်ပြည်ဆိုင်ရာ   အလုပ်သမားရေးရာအဖွဲ့နှင့် ယူနီဆက်ဖ်တို့သည် ၎င်းတို့၏တွေ့ရှိမှုကို “ကလေးအလုပ်သမား- ကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက် ၂၀၂၄၊ ခေတ် ရေစီးကြောင်းနှင့်  ရှေ့ခရီးလမ်း” ခေါင်းစဉ်ဖြင့်     ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များထဲမှ ပန်းတိုင်တစ်ခုသည် ကလေး လုပ်သားများကို ၂၀၂၅ ခုနှစ်တွင် အဆုံးသတ်ရန် တောင်း ဆိုထားသည်။

သို့သော် လက်တွေ့တွင်ပါဝင်သူ အများအပြားက ရည်မှန်းချက်ပန်းတိုင်များဖော်ဆောင်ရန် ခက်ခဲ လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။    ကဏ္ဍအလိုက်    ကလေးအများစုသည်  စိုက်ပျိုးရေးတွင် လုပ်ကိုင်နေကြပြီး ၆၁ ရာခိုင်နှုန်းရှိသည်။

ဒေသအလိုက် ကလေး ၈၇ သန်းနီးပါး သို့မဟုတ် စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည်  အာဖရိက ဆာဟာရတွင် အလုပ်လုပ်နေကြရ သည်။ အာရှ-ပစိဖိတ်ဒေသတွင် လုပ်ကိုင်နေသည့်  ကလေးအရေ  အတွက်မှာ ၂၈ သန်းခန့်ရှိသည်။

ကလေးလုပ်သားများကို ကာကွယ်နိုင်ရေး   လုပ်ဆောင်မှုများကြောင့်  ကလေးလုပ်သားဦးရေ ကျဆင်းလာကြောင်း အဆိုပါအစီရင်ခံစာတွင်    ဆက်လက်ဖော်ပြထားသည်။    

အင်န်အိတ်ချ်ကေ