ကမ္ဘာတစ်ဝန်း လက်နက်ရောင်းချမှု ငါးရာခိုင်နှုန်းနီးပါး မြင့်တက်

၁၀ ဒီဇင်ဘာ

 

ကမ္ဘာတစ်ဝန်းမှာ ၂၀၁၈ ခုနှစ်အတွင်း လက်နက်ရောင်းချမှု ပမာဏ ငါးရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း မနေ့က ထုတ်ပြန်တဲ့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူ (SIPRI) ရဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။

 

လက်နက်ထုတ်လုပ်ရေး လုပ်ကိုင်တဲ့ ကုမ္ပဏီပေါင်း ၁၀ဝ ရဲ့ ရောင်းချငွေ အမေရိကန်ဒေါ်လာ ၄၂၀ ဘီလီယံ ရရှိခဲ့ပါတယ်။လက်နက်ဈေးကွက်ရဲ့ ၅၉ ရာခိုင်နှုန်းဟာ အမေရိကန်ကုမ္ပဏီတွေဖြစ်ပြီး ရရှိငွေ အမေရိကန်ဒေါ်လာ ၂၄၆ ဘီလီယံဖြစ်ရာ အရင်နှစ်ထက် ၇ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာလက်နက်ဈေးကွက်ကို အမေရိကန်နိုင်ငံက လွှမ်းမိုးထားပါတယ်။

 

ခေတ်မီတဲ့ လက်နက်တပ်ဆင်ရေးကနေ တရုတ်နဲ့ ရုရှားကို ဆန့်ကျင်ရန်အတွက် လက်နက်တပ်ဆင်ရေးလို့ ထရန့်အစိုးရက ပြောင်းလဲလိုက်တဲ့အတွက် အမေရိကန် လက်နက်ကုမ္ပဏီတွေဟာ အကျိုးအမြတ်ပိုမို ရရှိလာတာဖြစ်ပါတယ်။

 

mdn

 

လက်နက်ဈေးကွက်မှာ ဒုတိယလိုက်နေတဲ့နိုင်ငံကတော့ ရုရှားဖြစ်ပြီး ဈေးကွက်ရဲ့ ၈ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဗြိတိန်နိုင်ငံက ၈ ဒသမ ၄ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံက ၅ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိနေကြာင်း သိရပါတယ်။

 

လေ့လာချက်မှာ လုံလောက်တဲ့ အချက်အလက်မရရှိတဲ့အတွက် တရုတ်နိုင်ငံပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ထိပ်တန်းလက်နက်ရောက်ချတဲ့ ကုမ္ပဏီ ၁၀ဝ ထဲမှာ တရုတ်ကုမ္ပဏီ ၃ ခုမှ ၇ ခုထိပါဝင်ကြောင်း (SIPRI) ထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။

 

mdn

 

လက်နက်ဝယ်ယူသူတွေထဲမှာ အမေရိကန်က ပိတ်ဆို့အရေးယူထားပေမယ့် နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံဖြစ်တာကို တွေ့ရပါတယ်။ တူရကီနိုင်ငံက လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုဟာလည်း ထိပ်တန်း ကုမ္ပဏီ ၁၀ဝ ထဲမှာ ပါဝင်တာကို တွေ့ရပါတယ်။ အဲဒီကုမ္ပဏီနှစ်ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိပြီး ပြီးခဲ့တဲ့နှစ်ထက် ၂၂ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း သိရပါတယ်။ တူရကီဟာ ကတ်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့အတွက် လက်နက်တွေ  ပိုမိုအလိုရှိနေတာကို တွေ့ရပါတယ်။

 

ကမ္ဘာ့ လက်နက်ဈေးကွက်မှာ ၂၀ဝ၉ နှစ်က စတင်ပြီး အကြီးဆုံး ကုမ္ပဏီအဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန်ကုမ္ပဏီ လော့ခ်ဟိမာတင်ရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၃ ဘီလီယံဖြစ်တဲ့အတွက် ဈေးကွက်ရဲ့ ၁၁ ရာခိုင်နှုန်းလို့ ဆိုနိုင်ပါတယ်။

 

MDN

ကိုးကား - AFP

 

mdn