စတော့ဟုမ်း၊ ဇွန် ၁၇
ကမ္ဘာတစ်ဝန်းတွင် ဒုံးကျည်များ၊ လေယာဉ်များနှင့်အတူ ဖြန့်ကြက်ချထားသော နျူကလီးယား ထိပ်ဖူးပေါင်းမှာ ယမန်နှစ်ကထက် ၆၀ ရာခိုင်နှုန်း တိုးလာကြောင်း ဆွီဒင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကပြောသည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့က တွေ့ရှိချက်ကို ၎င်း၏ နှစ်လယ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် နျူကလီးယားထိပ်ဖူးပေါင်း ၁၂၁၂၁ ခု ရှိကြောင်းနှင့် ယခင်နှစ်ကထက် ၃၉၁ ခု ကျဆင်း ကြောင်း အဆိုပါအဖွဲ့က ခန့်မှန်းထားသည်။
ရုရှားနိုင်ငံက နျူကလီးယားထိပ်ဖူးပေါင်း ၅၅၈၀ ရှိပြီး ယင်းနောက်တွင် အမေရိကန်နိုင်ငံက နျူကလီးယား ထိပ်ဖူးပေါင်း ၅၀၅၅ ခုရှိကြောင်းလည်း ခန့်မှန်းထားသည်။ ယင်းနှစ်နိုင်ငံတွင် ကမ္ဘာတစ်ဝန်း စာရင်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရသည်။
နျူကလီးယားထိပ်ဖူးစုစုပေါင်းအနက် ခန့်မှန်းခြေ ထိပ်ဖူး ၃၉၀၄ ခု သို့မဟုတ် ၃၀ ရာခိုင်နှုန်း ကျော်သည် ဒုံးကျည်များ၊ လေယာဉ်များနှင့်အတူ ဖြန့်ကြက်ချထားကြောင်းသိရသည်။ လူသားသမိုင်း တစ်လျှောက်တွင် အန္တရာယ်အရှိဆုံး ကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် အင်အားကြီးနိုင်ငံများအနေဖြင့် နောက်ပြန်ဆုတ်ကာ လေးလေးနက်နက် စဉ်းစားသုံးသပ်ရမည့်အချိန်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောသည်။
အင်န်အိတ်ချ်ကေ