ဂျီနီဗာ အောက်တိုဘာ ၂၆
စစ်ပွဲများ၊ အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများ ချိုးဖောက် ခံရခြင်းကြောင့် ကမ္ဘာတစ်ဝန်း ရွှေ့ပြောင်းနေထိုင်သူဦးရေမှာ စက်တင်ဘာလကုန်ပိုင်းတွင် ၁၁၄ သန်း အထိ စံချိန်တင်များပြားလာကြောင်း ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက အောက်တိုဘာ ၂၅ ရက် တွင် ပြောသည်။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းအထိ ကမ္ဘာအနှံ့အတင်းအကျပ် ဖိအားပေးမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ သန်း ၁၁၀ ရှိပြီး ၂၀၂၂ ခုနှစ် ကုန်ပိုင်းနှင့် နှိုင်းယှဉ်လျှင် ၁ ဒသမ ၆ သန်း တိုးလာခြင်းဖြစ်သည်။
စက်တင်ဘာလကုန်ပိုင်းအရောက်တွင် နောက်ထပ် လေးသန်းတိုးလာပြီး စုစုပေါင်းအရေအတွက်မှာ ၁၁၄ သန်းအထိ ရှိလာသည်။
အဆိုပါ အရေအတွက်တွင် အောက်တိုဘာ ၇ ရက်မှစတင် ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်း ပဋိပက္ခ ကြောင့် နေရပ်ရွှေ့ပြောင်းကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်ဦးရေကို ထည့်ပေါင်းထားခြင်းမရှိသေးကြောင်း သိရသည်။
ဆင်ဟွာ