၁၆ ဧပြီ

-လူနှစ်သန်းကျော် ရောဂါကူးစက်ခံရ-

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း နှစ်သန်းကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၃၄,၇၅၅ ဦး ရှိကြောင်း ဧပြီ ၁၆ ရက် နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၆၄၄,၃၄၈ ဦး ရှိပြီး သေဆုံးသူ ၂၈,၅၅၄ ဦး ရှိပါတယ်။

 

အီတလီနိုင်ငံမှာ ၂၁,၆၄၅ ဦး၊ စပိန်နိုင်ငံမှာ ၁၈,၈၁၂ ဦး၊ ပြင်သစ်နိုင်ငံမှာ ၁၇,၁၆၇ ဦးနဲ့ ဗြိတိန်နိုင်ငံမှာ ၁၂,၈၆၈ ဦး အသီးသီး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

-ထရန့်ရဲ့ WHO အလှူငွေ ရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး ဝေဖန်မှု ကျယ်ကျယ်လောင်လောင်-

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ရန်ပုံငွေထည့်ဝင်မှုကို ရပ်ဆိုင်းမယ်လို့ ကြေညာချက်အပေါ် နိုင်ငံအချို့နဲ့ အဖွဲ့အစည်းတွေက စိုးရိမ်ဒေါသဖြစ်နေကြပါတယ်။

 

-ဆင်းရဲတဲ့နိုင်ငံတွေအကြွေးတွေကို ရပ်ဆိုင်းထားမယ်-

G20 စီးပွားရေး ထိပ်သီးနိုင်ငံများက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေက သူတို့အား ဆပ်ရန် ရှိတဲ့အတွက် အကြွေးတွေကို တစ်နှစ်ဆိုင်းထားပေးမယ်လို့ ကြေညာလိုက်ပါတယ်။

 

-ဒိန်းမတ်နိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်-

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် တစ်လကြာပိတ်ထားတဲ့ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး မူကြိုနေ့ကလေးထိန်းကျောင်းတွေနဲ့ မူလတန်းကျောင်းတွေကတော့ ဧပြီ ၂၀ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။

 

-တားမြစ်မှုတွေ ဖယ်ရှား_

ဂျာမနီဝန်ကြီးချုပ်က ပထမခြေလှမ်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို စတင်ဖယ်ရှားတဲ့အနေနဲ့ ဆိုင်တွေကို ပြန်လည်ဖွင့်ပေးပြီး ကျောင်းတွေကိုတော့ မေ ၄ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိမ်အပြင်ထွက် မယ်ဆိုရင် မျက်နှာဖုံးတပ်ဆင်ရန် ဆော်ဩထားပြီး လူအများတက်ရောက်မယ့် ပွဲတွေကိုတော့ ဩဂုတ် ၃၁ ရက် နေ့အထိ ပိတ်ပင်ထားပါတယ်။

 

ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်ဆင်ကီမြို့မှာထားရှိတဲ့ အတားအဆီးတွေကို ဖယ်ရှားလိုက်ပေမယ့် တခြားတားမြစ်ချက်တွေကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

 

လစ်သူ​ယေးနီးယား နိုင်ငံမှာတော့ ကြာသပတေးနေ့ကစပြီး ဆိုင်တွေဖွင့်ခွင့်ရမှာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံမှာတော့ တောရွာရှိ လုပ်ငန်းတွေကို လာမယ့် သီတင်းပတ်ကစပြီး အလုပ်လုပ်ခွင့် ပြန်လည်ရရှိမှာဖြစ်ပါတယ်။

 

-အလုပ်လက်မဲ့ ဦးရေ-

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် အလုပ်တွေရပ်ဆိုင်းတဲ့အတွက် စပိန်နိုင်ငံမှာ လူဦးရေ ၃ ဒသမ ၉ သန်းနဲ့ ပြင်သစ်နိုင်ငံမှာ ၈ ဒသမ ၇ သန်း အလုပ်လက်မဲ့ဖြစ်သွားကြောင်း သက်ဆိုင်ရာ အစိုးရတွေက ပြောပါတယ်။

MDN
ကိုးကား - AFP