ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ မတ် ၂၅ ရက်နေ့တွင် ရရှိသော နောက်ဆုံးသတင်းများ

၂၅  မတ်

 

ကိုရိုနာ COVID-19 ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။

 

-ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ အိမ်ပြင်မထွက်ရ -

 

ကမ္ဘာအနှံ့အပြားမှာ ကိုရိုနာ COVID- 19ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့အတွက်  အိမ်ပြင်မထွက်ဖို့ အစိုးရတွေက တားမြစ်နေတဲ့အတွက် လူပေါင်း ၂.၆ ဘီလီယံကျော်ဟာ အိမ်တွင်းမှာရှိနေရပါတယ်။ 

 

•           အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရန်အတွက် တစ်နိုင်ငံလုံး ၂၁ ရက် အပြင်မထွက်ရ  သန်းခေါင်ယံအချိန်က စပြီး တားမြစ်လိုက်တဲ့အတွက် လူဦးရေ  လူပေါင်း ၁.၃ ဘီလီယံဟာ အိမ်တွင်းမှာပဲရှိနေရ

 

•           ပြင်သစ်ပညာရှင်တွေက မတ် ၁၇ ရက်နေ့က တားမြစ်ခဲ့တဲ့ အိမ်အပြင်မထွက်ရ အမိန့်ကို အနည်းဆုံး သီတင်း (၆) ပတ် အထိတိုးမြှင့်ရန် အစိုးရကို အကြံပေး

 

•           ဆီနီဂါ၊ အိုင်ဗီကို့စ် နဲ့ ဆီအာရာလီယွန်း နိုင်ငံတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပြီး ညပိုင်း ကာဖျူး အမိန့် ထုတ်ပြန်ထား

 

•           အီဂျစ်နိုင်ငံမှာ ညပိုင်းကာဖျူးအမိန့်ပြန်၊  ဒီနေ့ကစပြီး သီတင်းနှစ်ပတ် ကြာမှာဖြစ်

 

•           ကျူဘားနိုင်ငံကို လာရောက်လည်ပတ်မယ့် နိုင်ငံခြားသားတွေကို မနေ့က စပြီး သီးသန့် ခွဲခြားနေထိုင်ခိုင်းပြီး နယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပါတယ်။

 

-ဗိုင်းရပ်စ်ပိုးစတင်ရာ ဝူဟန်မြို့ ပုံမှန်သွားလာခွင့်-

 

တရုတ်နိုင်ငံဟူဘေပြည်နယ်ဝူဟန်မြို့မှာ ကိုရိုနာ COVID 19 ဗိုင်းရပ်စ်ပိုးဟာ ပြီးခဲ့နှစ်ကုန်ပိုင်းက စတင်ပျံ့နှံ့လာရာ ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်နေ့မှစပြီး အသွားအလာတွေကို ပိတ်ပင်လိုက်ပါတယ်။ အခုတော့ ဝူဟန်မြို့ခံ ကျန်းမာရေးကောင်းသူတွေကို ဧပြီ ၈ ရက်နေ့သန်းခေါင်ယံအချိန်က စပြီး ပုံမှန်သွားလာခွင့် ပြန်လည် ရရှိတော့မှာဖြစ်ပါတယ်။

 

-လူပေါင်း လေးသိန်းကျော် ဗိုင်းရပ်စ်ပိုးကူးစက်ခံရ-

 

ကိုရိုနာ COVID 19ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံ/ဒေသပေါင်း ၁၉၇ နေရာကို ပျံ့နှံ့သွားရာ လူပေါင်း ၄၂၂,၈၂၉ ဦးမှာ ကူးစက်ခံရပြီး ၁၀၉,၁၀၂ ဦးပြန်လည် ကျန်းမာလာခဲ့ပါတယ်။ လူပေါင်း ၁၈,၉၀၇ဦး သေဆုံးခဲ့ကြောင်း မတ် ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

•           အီတလီနိုင်ငံတွင် ၆၉,၁၇၆ ဦး မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၆,၈၂၀ ဦးသေဆုံး

•           တရုတ်နိုင်ငံတွင် ၈၁,၂၁၈ ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၃,၂၈၁ ဦးသေဆုံး

•           စပိန်နိုင်ငံတွင် ၂,၉၉၁ ဦးသေဆုံး

•           အီရန် ၁,၉၃၂ဦးသေဆုံး

•           ပြင်သစ် ၁,၁၀ဝ ဦးသေဆုံး

•           အမေရိကန် ၇၈၂ ဦး သေဆုံး

•           ဗြိတိန် ၄၂၂ ဦး သေဆုံး

•           နယ်သာလန် ၂၇၆ ဦး သေဆုံး

 

-ယာယီဆေးရုံ နဲ့ မြန်နှုန်းမြှင့် ရထားTGV-

 

•           ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ London exhibition centre တွင် ကုတင် ၄၀ဝ၀ ဆန့် ယာယီဆေးရုံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေကို လက်ခံကုသနေ

•           ပြင်သစ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စပြီး မြန်နှုန်းမြှင့် ရထားTGV ရထားကို အသုံးပြုပြီး ပြင်သစ်အရှေ့ပိုင်းက ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၀ ဦးကို သွားရောက် သယ်ယူမှာဖြစ်

 

-၂၀၂၀တိုကျိုအိုလံပစ် ၂၀၂၁အထိ ရွှေ့ဆိုင်း-

 

နိုင်ငံတကာအိုလံပစ်ကော်မတီက တိုကျိုအိုလံပစ် ၂၀၂၀ ကို ၂၀၁၂ခုနှစ် နွေရာသီအထိ ရွှေ့ဆိုင်းလိုက်ကြောင်း၊ ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ် COVID 19   နဲ့ ရင်ဆိုင်နေရာတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းနေတဲ့အချိန်မှာ အိုလံပစ်ပြိုင်ပွဲရွှေ့ဆိုင်းတာ ပထမဦးဆုံးဖြစ်ပါတယ်။   

 

-ပိတ်ဆို့မှုကို အမေရိကန်သမ္မတဆန့်ကျင်-

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့တားမြစ်ချက်တွေဟာ နိုင်ငံကို ပျက်စီးနိုင်တယ်။ အမေရိကန်နိုင်ငံကို ဧပြီလလယ်မှာ ပုံမှန်လိုဖြစ်စေချင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်က အနည်းငယ်ကိုသာ သတ်နိုင်ပေမယ့် စီးပွားရေးကျဆင်းမှုနဲ့ စိတ်ဓါတ်ကျဆင်းက ပိုဖြစ်နိုင်ကြောင်း သတိပေးလိုက်ပါတယ်။

 

ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၂၅ ရက်နေ့တွင် ရရှိသော အချက်အလက်များသာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP