ကမ္ဘာတစ်ဝန်းက မတ် ၂၄ရက်နေ့တွင် ရရှိသော ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများ

၂၄ မတ်

 

ကိုရိုနာ COVID 19 ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းများကို စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။

 

-လူပေါင်း ၁.၇ ဘီလီယံ အိမ်ပြင်မထွက် -

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ COVID 19ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့အတွက် နိုင်ငံ /ဒေသပေါင်း ၅၀ ကျော်က လူပေါင်း ၁.၇ ဘီလီယံကျော်အိမ်တွင်းမှပဲ ရှိနေကြောင်း သိရပါတယ်။

 

  • အိန္ဒိယနိုင်ငံမှာ လူပေါင်း သန်း ၇၀ဝ အိမ်တွင်းမှာပဲရှိနေရ
  • အီတလီနိုင်ငံမှာ နိုင်ငံတွင်းခရီးသွားမှုပိတ်ပင်၊ လုပ်ငန်းတွေ ပိတ်ထား
  • ပြင်သစ်နိုင်ငံမှာ တင်းကျပ်တဲ့ ပိတ်ပင်မှု အသစ်တွေ တိုးမြှင့်ချထားစဉ် အိမ်ပြင်ထွက်ခွင့် သီတင်းပတ် အနည်းငယ်ကြာမှ ပြန်လည်ရရှိနိုင်မယ်လို့ ကြေညာ
  • တောင်အာဖရိကနိုင်ငံမှာ ကြာသပတေးနေ့ကစပြီး သီတင်းသုံးပတ်ကြာ အိမ်တွင်းမှာနေထိုင်ရန်
  • နယ်သာလန်နိုင်ငံမှာ လူအများစုဝေးခွင့်ကို ဇွန်လ ၁ ရက်အထိ တားမြစ်ထား

 

-သေဆုံးမှု-

 

ကိုရိုနာ COVID 19 ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံ/ဒေသပေါင်း ၁၉၅ နေရာကို ပျံ့နှံ့သွားရာ လူပေါင်း ၃၈၁,၆၄၉ ဦးမှာ ကူးစက်ခံရပြီး လူပေါင်း ၁၆,၅၅၈ ဦးသေဆုံးခဲ့ကြောင်း မတ် ၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

  • အီတလီနိုင်ငံတွင် ၆၃,၉၂၇ဦး မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၆,ဝ၇၇ ဦးသေဆုံး
  • တရုတ်နိုင်ငံတွင် ၈၁,၁၇၁ ဦးမှာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ၃,၂၇၇ ဦးသေဆုံး
  • စပိန်နိုင်ငံတွင် ၂,၃၁၁ ဦးသေဆုံး
  • အီရန် ၁,၈၁၂ဦးသေဆုံး
  • ပြင်သစ် ၈၆၀ ဦးသေဆုံး
  • အမေရိကန် ၅၈၂ ဦး သေဆုံး
  • ဗြိတိန် ၃၃၅ ဦး သေဆုံး
  • နယ်သာလန် ၂၁၃ဦး သေဆုံး

 

-ကိုရိုနာဗိုင်းရပ်စ်COVID 19 ကာကွယ်ဆေး-

 

  • တရုတ်နိုင်ငံမှာ ပထမခြေလှမ်းအနေနဲ့ ကာကွယ်ဆေးကို စတင်စမ်းသပ်နေပြီ
  • ရုရှားနိုင်ငံမှာတော့ ကာကွယ်ဆေးကို တိရစ္ဆာန်တွေအပေါ် စမ်းသပ်
  • ဥရောပနိုင်ငံတွေပါဝင်တဲ့ အဖွဲ့ကလည်း အုပ်စုလေးစုခွဲပြီး ကာကွယ်ဆေးကို စတင်စမ်းသပ်
  • ကနေဒါနိုင်ငံကတော့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးမှုလျှော့ချရန်နဲ့ အဖျားကျအောင် လုပ်ဆောင်မယ့် ဆေးကို စတင်လေ့လာ

 

-နယ်စပ်ဝင်ပေါက်တွေ ပိတ်-

 

  • ဟောင်ကောင်မှာ အမြဲတမ်းနေထိုင်ခွင့်မရှိသူတွေကို ဝင်ခွင့် ပိတ်ပင်လိုက်
  • ယူအေအီးနိုင်ငံမှာ မနက်ဖြန်မှ စပြီး ခရီးသည်တင်လေယာဉ်တွေနဲ့ လေယာဉ်ပြောင်းခရီးသည်တွေပါ သီတင်းနှစ်ပတ် ပိတ်ပင်မယ်

 

-စီးပွားရေး-

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားတဲ့နဲ့ပတ်သက်ပြီး ပြဿနာအရင်းအမြစ်ထက် ဆိုးဝါးသွားမယ့် ကုသခြင်းကို လက်မခံနိုင်ကြောင်း တွစ်တာမှာ ရေးသားလိုက်ပါတယ်။

 

  • G20ရဲ့ (ဘဏ္ဍာ) ရေးဝန်ကြီးတွေက အထိခိုက်ဆုံးနိုင်ငံတွေကို ကူညီသွားဖို့ အသင့်ဖြစ်နေကြောင်း ပြောကြား
  • ဂျာမနီအစိုးရက ဗိုင်းရပ်စ်ပိုးကြောင့် ထိခိုက်မယ့် လုပ်ငန်းတွေအတွက် ယူရိုငွေ ဘီလီယံ ရာချီပြီး ကြားခံပေးဖို့ သဘောတူထား
  • နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ကမ္ဘာ့စီးပွားရေးမှာ ၂၀ဝ၈ ခုနှစ် စီးပွားရေး ကမောက်ကမ ဖြစ်စဉ်ထက် ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မယ်လို့ ပြောဆို
  • ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား ငွေကြေးလွတ်လပ်စွာ သုံးစွဲခွင့်ပြု

 

ဖော်ပြပါ အချက်အလက်များဟာ မတ်လ ၂၄ ရက်နေ့တွင် ရရှိသော အချက်အလက်များသာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP