ကမ္ဘာတစ်ဝန်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၃၇၀ဝ၀ဝ ကျော်ရှိလာသည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့ ပြောကြား

၂၅ မတ်

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာတစ်ဝန်းလုံး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံနှင့်နယ်မြေ စုစုပေါင်း ၁၉၈ နေရာရှိကြောင်း ယမန်နေ့က အတည်ပြုခဲ့သည်ဟု ဆိုသည်။

 

ထိုရောဂါကူးစက်သူ အရေအတွက်စုစုပေါင်းမှာ ယခင်နေ့က ၃၇၂၇၅၇  ရှိရာမှ  ၃၉၈၂၇ ဦး အထိ တိုးပွားလာပြီး သေဆုံးသူ အရေအတွက် မှာ ၁၇၂၂ မှ ၁၆၂၃၁ ဦး အထိ မြင့်တက်လာသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

 

အင်္ဂါနေ့မတိုင်မီ ထုတ်ပြန်ခဲ့သော နိုင်ငံများ၏အစီရင်ခံစာများအရ တရုတ်နိုင်ငံတွင် ယခုချိန်အထိ ကူးစက်ခံရသူအရေအတွက်မှာ ၈၁၁၇၁ ဦး ရှိရာ ကူးစက်ခံရမှုအများဆုံးဖြစ်သည်။

 

အီတလီနိုင်ငံတွင် ကူးစက်ခံရသူအရေအတွက် ၆၉၁၇၆ ဦး ရှိကာ ကူးစက်ခံရမှုဒုတိယ အများဆုံး ဖြစ်သည်။

 

အမေရိကန်နိုင်ငံတွင် ကူးစက်ခံရသူ ၄၄၁၈၃ ဦး ရှိရာ ယခင်အစီရင်ခံစာထက် ၁၀ဝ၀ဝ ခန့် တိုးပွားလာသည်။

 

ထိုရောဂါ ကူးစက်ခံရသူ အရေအတွက်များမှာ စပိန်နိုင်ငံတွင် ၃၉၆၇၃ ဦး၊ ဂျာမနီ နိုင်ငံတွင် ၂၇၄၃၆ ဦး၊ အီရန်နိုင်ငံတွင် ၂၄၈၁၁ ဦး နှင့် ပြင်သစ်နိုင်ငံတွင် ၂၂၃၀၂ ဦး တို့ ဖြစ်သည်။

 

ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ တရုတ်နိုင်ငံတွင် ၃၂၇၇ ဦး၊ အီတလီနိုင်ငံတွင် ၆၈၂၀ ဦး၊ စပိန်နိုင်ငံတွင် ၂၆၉၆ ဦး၊ အီရန်နိုင်ငံတွင် ၁၉၃၄ ဦးနှင့် ပြင်သစ်နိုင်ငံတွင် ၁၁၀ဝ ဦး တို့ ဖြစ်သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို