၂၅ ဇူလိုင်

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထိန်းချုပ်ရန် မျက်နှာဖုံး ဝတ်ရေးစည်းမျဉ်း ပိုမိုတင်းကျပ်လာတာကို တွေ့ရပါတယ်။ အခုဆိုရင် နိုင်ငံပေါင်း ၅၀ ကျော်မှာ အိမ်အပြင်ထွက်တာနဲ့ မျက်နှာဖုံး ဝတ်ဆင်ရေးစည်းမျဉ်းကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံ/ဒေသပေါင်း ၂၁၆ ခုမှာ လူပေါင်း ၁၅,၂၉၆,၉၂၆ ဦး တွင် ကပ်ရောဂါပိုး ကူးစက်ခံရပြီး  ၆၂၈,၉၀၃ ဦးသေဆုံးကြောင်း သိရပါတယ်။

ဉရောပနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ များလာတဲ့အတွက် ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ဖို့ WHO က လတ်တလော အကြံပြုထားပါတယ်။

 

mdn

 

သောကြာနေ့မှစတင်ပြီး အင်္ဂလန်မှ မျက်နှာဖုံးကို ဝတ်ကို ဝတ်ဆင်ရမယ့် ဥပဒေဟာ အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ ဆိုင်တွေ၊ ဘဏ်တွေ၊ စူပါမားကတ်တွေကို သွားရင် မျက်နှာဖုံးဝတ်ဆင်ရမှာဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေ စတာလင်ပေါင် ၁၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ကြာသပတေးနေ့က စပြီး မျက်နှာဖုံးဝတ်ဆင်ရမယ်ဆိုတဲ့ ဥပဒေ အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။ အလားတူ ဩစတြီးယား၊ အီတလီနိုင်ငံ နဲ့ စပိန်နိုင်ငံတွေမှာ အိမ်အပြင်ထွက်တာနဲ့  မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့  ဆိုထားပါတယ်။

အာရှနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာတော့ မတ်လကစပြီး အပြင်ထွက်ရင် မျက်နှာဖုံးဝတ်ဆင်ရေး စည်းမျဉ်းရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း မေ ၂၆ ရက်ကနေစပြီး တက္ကစီအပါအဝင် အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ရေး စည်းမျဉ်းစည်းကမ်းကို ပြဌာန်းခဲ့ပါတယ်။

MDN

ကိုးကား - AFP