၁၅ နိုဝင်ဘာ

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅၃ သန်းကျော်ရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၁ ဒသမ ၃ သန်းရှိကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းအတွင်းမှာ ပိုးကူးစက်သူတွေနဲ့ သေဆုံးသူတွေ တိုးလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဉရောပနိုင်ငံတွေမှာ ဖြစ်ပါတယ်။

ပိုးကူးစက်သူ ၅၃,၃၈၀,၄၄၂ ဦးနဲ့ သေဆုံးသူ ၁,၃၀၃,၇၈၃ ဦးရှိပါတယ်။ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံတွေမှာ အမေရိကန်နိုင်ငံတွင် သေဆုံးသူ ၂၄၄,၃၄၅ ဦး၊ ဘရာဇီးနိုင်ငံတွင် ၁၆၄,၇၃၇ ဦး၊ အိန္ဒိယနိုင်ငံတွင် ၁၂၉,၁၈၈ ဦး၊ မက္ကဆီကိုနိုင်ငံတွင် ၉၈,၂၅၉ ဦးနဲ့ ဗြိတိန်နိုင်ငံတွင် ၅၁,၃၀၄ ဦး ရှိကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP