၁ အောက်တိုဘာ
ခရီးသွားများမှအပ ကမ္ဘာတစ်ဝန်းမှနိုင်ငံခြားသားများ ဂျပန်နိုင်ငံသို့ ဝင်ခွင့် ကန့်သတ်ချက်များကို အောက်တိုဘာ ၁ ရက်နေ့တွင် ဖြေလျှော့သွားမည် ဖြစ်သည်။
ဂျပန်အစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် နယ်မြေများနှင့် နိုင်ငံပေါင်း ၁၅၉ မှ လူများအား ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
စီးပွားရေးသမားများသည် ဗီယက်နမ်၊ ထိုင်ဝမ်နှင့် ကူးစက်ရောဂါထိန်းချုပ်နိုင်သော အခြားဒေသအချို့နှင့် ခရီးသွားလာမှုကို ပြန်လည်စတင်ပြီး ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးပြီးနောက် ဆေးဘက်ဆိုင်ရာနှင့်ပညာရေးဆိုင်ရာ ပညာရှင်များနှင့် ကျောင်းသားများ၊ စီးပွားရေးသမားများကဲ့သို့ အလယ်အလတ်နှင့်ရေရှည်နေထိုင်သော နိုင်ငံခြားသားများကို ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုနိုင်မည် ဖြစ်သည်။
သို့သော်ဂျပန်နိုင်ငံသို့ရောက်ရှိပြီး ကွာရန်တင်းတွင် သီတင်းပတ်နှစ်ပတ်အကြာ နေထိုင်ပြီးမှသာ ၎င်းတို့၏စပွန်ဆာများဖြစ်သည့်ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကို ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည့် လူအရေအတွက်ကိုလည်း ကန့်သတ်ထားမည် ဖြစ်သည်။
ဂျပန်အစိုးရက လေဆိပ်များတွင် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးသည့်စနစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသည့်ကာလတွင် ဖြည်းဖြည်းချင်း တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို