နယူးယောက် နိုဝင်ဘာ ၁၀
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၂၅၀ ကျော် ရှိလာပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဂျွန်ဟော့စ်ကင်းတက္ကသိုလ်မှ ရရှိသည့် အချက်အလက်များအရ သိရသည်။
နိုဝင်ဘာ ၈ ရက် အမေရိကန်နိုင်ငံ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၁ မိနစ် အချိန်အထိ ရရှိသည့် အချက်အလက်များအရ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၅၀၀၁၅၇၈၉ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၀၅၂၁၄၈ ဦးရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၆၄၈၈၄၁၇ ဦးနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၇၅၄၄၃၁ ဦး ရှိလာကာ ကမ္ဘာ့နိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုတွင် အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ ၁၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုသည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု၏ ၁၅ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၃၆၆၉၈၇ ဦးဖြင့် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွင် ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၈၈၀၄၃၉ ဦးဖြင့် တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။ ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် ၆၀၉၄၄၇ ဦးဖြင့် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် ဒုတိယအများဆုံးနိုင်ငံဖြစ် ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသန်းကျော်ရှိသည့်နိုင်ငံများထဲတွင် ဗြိတိန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တူရကီနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီရန်နိုင်ငံ တို့လည်း ပါဝင်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ နှစ်သိန်းကျော် အထက်ရှိသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ပီရူးနိုင်ငံတို့လည်း ပါဝင်ကြောင်း ဂျွန်ဟော့စ် ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်