၂၇ ဩဂုတ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုး ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေတဲ့အတွက် ကျောင်းတံခါးတွေ ပိတ်ထားရပါတယ်။ ကမ္ဘာ့ကျောင်းသားဦးရေရဲ့ အနည်းဆုံး သုံးပုံတစ်ပုံဟာ အွန်လိုင်း စာသင်ခန်းတွေမှာ သင်ကြားနိုင်ခြင်း မရရှိကြဘူးလို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ကလေးပေါင်း ၄၃၆ သန်းဟာ အွန်လိုင်းသင်ခန်းစာကို သင်ယူရန် ကိရိယာပစ္စည်းတွေ လိုအပ်ခြင်း သို့မဟုတ် လျှပ်စစ်မီး မရရှိခြင်းတို့က အကြီးဆုံး အတားအဆီးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကလေးတွေရဲ့ ပညာရေးကို လုံးဝ အနှောင့်အယှက်ဖြစ်ကြောင်း၊ ဆယ်စုနှစ်များစွာ စီးပွားရေးနဲ့ လူမှုရေးအပေါ် ထိခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း UNICEFရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ကပ်ရောဂါပိုးကြောင့် ကျောင်းတွေပိတ်ထားခြင်းနဲ့ အသွားအလာကန့်သတ်မှုတွေကြောင့် ကလေးသူငယ် ၁ ဒသမ ၅ ဘီလီယံအပေါ် အကျိုးသက်ရောက်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အဝေးသင်ပညာရေး အွန်လိုင်းကနေ သင်ကြားရေးကို အာဖရိကနဲ့ အာရှအချို့နေရာတွေထက် ဉရောပက ကလေးတွေဟာ ပိုပြီးအလှမ်းမီကြောင်း ရေးသားထားပါတယ်။ အခု ခန့်မှန်းချက်ဟာ ကုလသမဂ္ဂရဲ့ နိုင်ငံပေါင်း ၁၀၀ ရဲ့ အင်တာနက် သုံးစွဲနိုင်တဲ့ပမာဏ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို သုံးစွဲနိုင်တဲ့ ပမာဏတွေအပေါ်မှာအခြေခံပြီး အခုလို ထုတ်ပြန်တာလို့ သိရပါတယ်။
ကလေးသူငယ်တွေဟာ အဝေးသင်ပညာရေးမှာ အတားအဆီး မနဲမနောကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဉပမာ အိမ်မှာ စာသင်ဖို့နေရာအခက်အခဲ၊ မိသားစုအလုပ်လုပ်ဖို့ လိုအပ်ခြင်းနဲ့ ကွန်ပျူတာလိုအပ်ခြင်းတွေရှိနေကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အရှေ့ပိုင်းနဲ့တောင်ပိုင်း အာဖရိနိုင်ငံတွေက ကလေးငယ် ၆၇ သန်း၊ အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်းက ကလေးငယ် ၅၄ သန်း၊ ပစိဖိတ်နဲ့ အာရှအရှေ့ပိုင်းက ကလေး သန်း ၈၀၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှ ကလေးပေါင်း ၃၇ သန်း၊ တောင်အာရှမှ ကလေးငယ် ၁၄၇ နဲ့ လက်တင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသမှ ကလေး ၁၃ သန်းတို့ဟာ အွန်လိုင်း ပညာသင်ကြားရေးကို လက်လှမ်းမီကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေ ကလေးအရေအတွက်တော့ ဖော်ပြထားခြင်းမရှိပါဘူး။
အစိုးရတွေကို အသွားအလာပိတ်ဆို့မှုတွေကနေ ဖယ်ရှားပြီးနောက် ကျောင်းသင်ခန်းတွေကို ပြန်ဖွင့်ရေးမှာ ကလေးငယ်တွေရဲ့ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန် ကုလသမဂ္ဂက ဆော်ဩနေပါတယ်။
MDN
ကိုးကား - AFP