မတ် ၉
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေမှာ ယမန်နေ့ကအထိ ၆၀၀၄၄၂၁ ရှိရာ သေဆုံးသူခြောက်သန်းကျော်ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO )ကပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေမှာ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၆၀၀၄၄၂၁ ဦးအပါအဝင် ယမန်နေ့ကအထိ ၄၄၆၅၁၁၃၁၈ ဦးအထိရှိသည်ဟု WHO က အတည်ပြုထုတ်ပြန်ထားသည်။
ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံသည် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှင့်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၇၈ သန်းကျော်ရှိပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၉၅၁၃၄၈ ဦး ရှိသည်။
ထို့နောက်တွင် အိန္ဒိယနိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၄၂ သန်းကျော်ရှိပြီး သေဆုံးသူဦးရေ ၅၁၅၂၁၀ ရှိသည်။ ဘရာဇီးနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူ ၂၉ သန်းကျော်ရှိပြီး သေဆုံးသူ ၆၅၂၁၄၃ ဦး ရှိသည်။
အမေရိကတိုက်နှင့် ဉရောပတိုက်တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၈ သန်းကျော်နှင့် ၁၈၃ သန်းကျော်တို့ရှိကြပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၆၄၉၆၂၇ ဦးနှင့် ၁၈၉၁၉၁၁ ဦးတို့အသီးသီးရှိကြသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို