၁၂ မတ်

 

အမေရိကန်ပြည်ထောင်စု တက္ကသိုလ်တစ်ခု၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းအတည်ပြုထားသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ၄ ဒသမ ၁ သန်းရှိသည် ဟု ဆိုသည်။

 

ယနေ့အချိန်အထိ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားသူပေါင်း ၄၁၄၈၀၃၄ ကူးစက်မှုရှိခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသည် ကူးစက်မှုဦးရေ ထိပ်ဆုံးတွင်ရှိပြီး ၁၃၃၇၅၄၁ ကူးစက်ခံခဲ့ရသည်။ အီတလီနိုင်ငံတွင် ၂၂၄၃၅၀၊ ဗြိတိန်တွင် ၂၂၄၃၂၇၊ ရုရှားနိုင်ငံတွင် ၂၂၁၃၄၄နှင့် အီတလီတွင် ၂၁၉၈၁၄ တို့ ကူးစက်ခံခဲ့ရသည်။

 

တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ ၂၈၄၁၂၄ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ၇၉၈၂၅ ဦး သေဆုံးခဲ့ပြီး ဗြိတိန်နိုင်ငံတွင် ၃၂၁၄၀၊ အီတလီတွင် ၃၀၇၃၉၊ စပိန်နိုင်ငံတွင် ၂၆၆၂၁နှင့် ပြင်သစ်နိုင်ငံတွင် ၂၆၃၈၃ ဦးတို့ သေဆုံးခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်