ဖနောင်ပင်    ဇန်နဝါရီ    ၂၄  

ကမ္ဘောဒီးယား တော်ဝင်  ကြည်းတပ် (RCA) တည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်တွင်  ကမ္ဘောဒီးယား  တော်ဝင် လက်နက်ကိုင်တပ်ဖွဲ့ (RCAF) က  ဦးစီးကျင်းပခဲ့ ကြောင်း သိရသည်။

မြို့တော် ဖနောင်ပင်အနောက်ဘက်ရှိ RCA ဌာန ချုပ်တွင် ကျင်းပသည့်တော်ဝင် ကြည်းတပ် တည်ထောင် ခြင်း(၂၅)နှစ်ပြည့်   အခမ်းအနားသို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် စစ်ရေးပြချီတက်ခြင်းအပြင်  တိုက်ပွဲဝင်တင့်ကားများ၊  သံချပ်ကာယာဉ်များ၊ အမြောက်များ၊ ဒုံးပစ်လောင်ချာများနှင့် အခြား လက်နက်များအပြင် စစ်ထရပ်ကားများကိုပါ သရုပ် ပြခဲ့သည်။

နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့်  နိုင်ငံသားများကို ကာကွယ်ရန် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုများ အတွက်  တပ်မတော်သား ထောင်ပေါင်း များစွာအား ကျေးဇူးတင်ရှိကြောင်း    အဆိုပါ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား  တော်ဝင်ကြည်းတပ်သည် နိုင်ငံ၏ ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် ကြီးမားသော ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းရေးနှင့် ခေတ်မီ စစ်လက်နက်ပစ္စည်းများကို အမီလိုက်နိုင်ရန် အတွက်   တပ်ဖွဲ့ဝင်များအား  ၎င်းတို့၏ စွမ်းဆောင် ရည်ကို တိုးမြှင့်ရန်၎င်းက တိုက်တွန်းခဲ့သည်။

ကမ္ဘောဒီးယားတော်ဝင်ကြည်းတပ်ကို ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ