ဖ‌နောင်ပင်  ဖေဖော်ဝါရီ  ၂၀

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့စုစုပေါင်းတင်သွင်းမှုမှာ  အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၅ သန်းသို့ ရောက်ရှိလာကြောင်း  သိရသည်။ အဆိုပါ အရေအတွက်မှာ   ယမန်နှစ်ကထက်   ၁  ဒသမ  ၆   ရာခိုင်နှုန်းတိုးလာကြောင်း  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီ  ၂၀  ရက်တွင် ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည်  ဒီဇယ်ဆီတင်သွင်းခြင်းအတွက် ဒေါ်လာ ၁၃၃ ဒသမ ၁ သန်း သုံးစွဲခဲ့ရာ  ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ကြည့်ပါက ၁၅ ရာခိုင်နှုန်းတိုးလာကြောင်း၊ ဓာတ်ငွေ့တင်သွင်းခြင်းမှ  ‌ဒေါ်လာ   ၅၅ ဒသမ  ၅  သန်းရှိရာ  ၁၀ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊   ဓာတ်ငွေ့တင်သွင်းခြင်းမှ  ဒေါ်လာ   ၃၀  ဒသမ ၉ သန်းရှိရာ ၁ ဒသမ ၃ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း  ထုတ်ပြန်ချက်အရ  သိရသည်။ လက်ရှိတွင်  အရှေ့တောင်အာရှနိုင်ငံဖြစ်သည့်  ကမ္ဘောဒီးယားနိုင်ငံသည်  ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှုအပေါ် မှီခိုနေရကြောင်း သိရသည်။

ဆင်ဟွာ