ကမ္ဘောဒီးယား၌ မှောင်ခိုဆင်စွယ်အများအပြား ဖမ်းမိ

ကမ္ဘောဒီးယားနိုင်ငံတွင် အကောက်ခွန် အာဏာပိုင်များသည် မှောင်ခိုဆင်စွယ် ၃၂ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မြို့တော်ဖနောင်ပင်ရှိ ဆိပ်ကမ်း တစ်ခု၌ ဆင်စွယ်ပေါင်း ၁၀၂၆ ခုကို ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များ က ပြောကြားခဲ့သည်။

ယင်း ဆင်စွယ်များကို ပြီးခဲ့သည့် နှစ်က မိုဇမ်ဘစ်နိုင်ငံမှ ကမ္ဘောဒီးယား ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည့် စကျင်ကျောက်များပါသော ကုန်သေတ္တာထဲ၌ သိုဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ပြီး ယင်းကုန်သေတ္တာမှာ ပိုင်ရှင်မဲ့ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများတွင် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော အဆင်တန်ဆာများ အရောင်းတွင်ကျယ်လျက်ရှိကာ မှောင်ခိုဆင်စွယ် ရောင်းဝယ်မှုများ ရှိနေဆဲဖြစ်သည်။ ထိုင်းအာဏာပိုင်များက တရားမဝင် ဆင်စွယ်ရောင်းချသည့် ဈေးကွက်နှိမ်နင်းမှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး နောက်တွင် ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှမှ မှောင်ခိုဆင်စွယ်များကို လွှဲပြောင်းရာ အချက်အချာနေရာဖြစ် လာကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ