ရန်ကုန်  ၉  နိုဝင်ဘာ 

 

ကမ္ဘောဒီးယားနိုင်ငံ၏ (၆၅)နှစ်မြောက် လွတ်လပ်ရေးနှင့် တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို   ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ Melia   Hotel  ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နှင့် ဇနီး ဒေါ်လွင်လွင်မှန် တို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သီချင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကိုစတင်ဖွင့်လှစ်သည်။

 

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sok Chea နှင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တို့က နှုတ်ခွန်းဆက်စကား ပြောကြား ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က (၆၅)နှစ်မြောက် လွတ်လပ်ရေးနှင့် တပ်မတော်နေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ကြပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးှ ဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့်ဇနီး၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သတ်ပုံနှင့်ဇနီး၊  ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီ တာဝန်ခံများ၊စစ်သံမှူးများ၊  ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။ 

 

(သတင်းစဉ်)