ဇန်နဝါရီ ၂
ကမ္ဘောဒီးယားနိုင်ငံ၏ထင်ရှားကျော်ကြားသော အန်ကောရှေးဟောင်းယဉ်ကျေးမှုဉယျာဉ်သို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဦးရေ ၇၉၈၀၆၉ ဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယမန်နှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂၈၇၄၅၄ ဦးမှ ၁၇၇ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ယမန်နေ့ကသတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် အန်ကောသို့ နိုင်ငံခြားခရီးသွား ၉၈၀၇၃ ဝင်ရောက်မှုရှိပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၅ သန်း ဝင်ငွေရရှိခဲ့သည်။
ဆီရမ်ယိပြည်နယ် အနောက်မြောက်ပိုင်းတွင်တည်ရှိသော ၄၀၁ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိ အန်ကောရှေးဟောင်းသုတေသနပန်းခြံသည် ၁၉၉၂ ခုနှစ်က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လူကြိုက်အများဆုံး အပန်းဖြေနေရာတစ်ခုဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို