ဖနောင်ပင်    ဇန်နဝါရီ    ၆

ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း ငှက်ဖျားရောဂါကူးစက်ခံရသူ ၄၀၄၂ ဦးကိုတွေ့ရှိခဲ့ရပြီး အဆိုပါ အရေအတွက်သည် ၂၀၂၁ ခုနှစ်က တွေ့ရှိခဲ့သည့် နိုင်ငံ အတွင်း ငှက်ဖျားရောဂါကူးစက်ခံရသူ အရေအတွက်ထက် ၆ ရာခိုင်နှုန်းလျော့နည်းလာ  ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ငှက်ဖျားရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး  ဟွိုင်ရီကိုက ပြောသည်။ 

ကမ္ဘောဒီးယားနိုင်ငံသည် ငှက်ဖျားရောဂါကာကွယ်ထိန်းချုပ်ရေးကို အောင်မြင် စွာဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံအတွင်း ၂၀၁၈ ခုနှစ်မှစတင်၍ ငှက်ဖျားရောဂါဖြင့် သေဆုံးသူမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

 နိုင်ငံအတွင်း ယခုကဲ့သို့ ငှက်ဖျားရောဂါကူးစက်မှုကျဆင်းလာရခြင်းမှာ ငှက်ဖျား ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းနှင့်  ဆေးစိမ်ခြင်ထောင်နှင့်     ငှက်ဖျားရောဂါကုသဆေးများကို လုံလောက်စွာ ဖြန့်ဝေပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်ရှိ အချိန်တွင် နိုင်ငံအတွင်း နှစ်အလိုက်ငှက်ဖျားရောဂါကူးစက်မှု ကျဆင်းလာခြင်းနှင့် အတူ ၂၀၂၅ ခုနှစ်တွင်  ကမ္ဘောဒီးယားနိုင်ငံ၌  ငှက်ဖျားရောဂါလုံးဝကင်းစင်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ