မတ် ၄
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ဆီးချို၊ ကင်ဆာနှင့် စိတ်ကျန်းမားရေးရောဂါများကဲ့သို့သော မကူးစက်နိုင်သောရောဂါဖြစ်ပွားမှု သိသိသာသာမြင့်တက်လာသည်ဟုဖော်ပြထားကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။
၂၀၂၄ ခုနှစ်က ဆီးချိုရောဂါဖြစ်ပွားသူ ၂၃၀၂၇၉ ဦးရှိရာ ဆီးချိုရောဂါဖြစ်ပွားသူ တစ်နှစ်ထက်တစ်နှစ် ၅၉ ရာခိုင်နှုန်း ပိုမိုများပြားလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။
လွန်ခဲ့သောနှစ်က ဆေးရုံးအသီးသီးတွင် ကုသမှုခံယူနေသော ကင်ဆာရောဂါဖြစ်ပွားသူ ၃၁၅၁၈ ဦးရှိရာ တစ်နှစ်ထက်တစ်နှစ် ၈၇ ဒသမ ၄၂ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၂၇ ဦး စံချိန်တင်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်ညီလာခံဖွင့်ပွဲအခမ်းအနားတွင် ၎င်းကပြောကြားသည်။
အများဆုံးဖြစ်ပွားလေ့ရှိသောကင်ဆာရောဂါအမျိုးအစားများမှာ ရင်သားကင်ဆာဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားမှုသည် ကင်ဆာရောဂါဖြစ်ပွားမှုအားလုံး၏ ၂၀ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ၎င်းကဆိုသည်။
လွန်ခဲ့သောနှစ်က စိတ်ကျန်းမာရေးရောဂါဖြစ်ပွားသူ ၂၈၂၆၁၅ ဦးရှိရာ ယခင်နှစ်က စိတ်ကျန်းမာရေးရောဂါဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက ၁၉၇ ဒသမ ၈ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်။ သွေးတိုးရောဂါဖြစ်ပွားသူ ၄၀၁၉၃၆ ဦးရှိရာ ယခင်နှစ်ကသွေးတိုးရောဂါဖြစ်ပွားမှုထက် ၂၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို