ဖနောင်ပင်    အောက်တိုဘာ     ၂၄

ကမ္ဘောဒီးယားနိုင်ငံ၌    စာသင်ခန်းများအတွင်း   စမတ်ဖုန်းများ အသုံးမပြုရန် ကျောင်းသား ကျောင်းသူ များအား     ပိတ်ပင်တားမြစ်လိုက်ကြောင်းနှင့်    ယင်းသို့    ပိတ်ပင်တားမြစ်ခဲ့ခြင်းသည်  ကျောင်းသား  ကျောင်းသူများအနေဖြင့်   ၎င်းတို့ ၏  ပညာရေးကိုသာ အဓိကထားရန်ဖြစ်ကြောင်း သိရသည်။

စာသင်ခန်းများအတွင်း သို့မဟုတ် ကျောင်းချိန် အတွင်း စမတ်ဖုန်းများ သို့မဟုတ် အီလက်ထရွန်နစ် ပစ္စည်းများ အသုံးပြုခြင်းကို  တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏   ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး ဟန်ချွန်နာရွန်က ပြောကြားသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ကျောင်းသားများ ကို  ဂိမ်းကစားခြင်း သို့မဟုတ်   ၎င်းတို့၏ လေ့လာမှုနှင့် မသက်ဆိုင်သော ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းထက် ၎င်းတို့၏အချိန်များကို စာသင်ကြားခြင်းကိုသာ အလေးထားရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျောင်းသားများကို   အားလပ်ချိန်များတွင် စာအုပ်များဖတ်ရန် သို့မဟုတ် စာကြည့်တိုက်များတွင် သုတေသနလုပ်ရန်  အရှေ့တောင်အာရှရှိ   အစိုးရ ကျောင်းများမှ ဆရာများနှင့် အတန်းဥက္ကဋ္ဌများအား ကမ္ဘောဒီးယားနိုင်ငံ၏  ဒုတိယဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီး  ဟန်ချွန်နာရွန်က  အကြံပေးခဲ့ကြောင်း သိရသည်။

မိဘများ  သို့မဟုတ်  တရားဝင်အုပ်ထိန်းသူ များအနေဖြင့်    မိမိတို့၏  ကလေးများကို  ၎င်းတို့၏ စာပေ လေ့လာမှုအတွက်သာ   စမတ်ဖုန်းနှင့်   အခြားအီလက်ထရွန်နစ်ပစ္စည်းများကို    အသုံးပြုရန် ညွှန်ကြားမှုပြုရန်အတွက် တိုက်တွန်းထားကြောင်းလည်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်