စက်တင်ဘာ ၅

 

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ရှိ စန်ဆော့ခရိုင်ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင် ပေါက်ကွဲမှုတွင် လူခုနစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါပေါက်ကွဲမှုသည် ဓါတ်ဆီဆိုင်တစ်ဆိုင်တွင် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖနွမ်းပင်မီးဘေးကာကွယ်ရေးနှင့်ကယ်ဆယ်ရေးရဲတပ်ဖွဲ့ရုံး၏ညွှန်ကြားရေးမှူး၊ ဗိုလ်မှူးကြီး ပရွမ်ယွန်က ဆိုသည်။

 

ထိုဓါတ်ဆီဆိုင်မီးလောင်ပေါက်ကွဲမှုအတွင်း  အသက် ၆၉ နှစ်အရွယ် ဆီဆိုင်ပိုင်ရှင်အပါအဝင် လူခုနစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ၎င်းကပြောကြားသည်။

 

ထို့အပြင် ဆိုင်ကယ်နှင့်ကားများလည်း အများအပြားပျက်စီးခဲ့ကြောင်း၊ မီးသတ်ကား ၂၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် ထိုပေါက်ကွဲမှုသည် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်းနှင့် ဓါတ်ဆီလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီမှမေလအတွင်း မြို့တော် ဖနွမ်းပင်တွင် မီးလောင်ကျွမ်းမှု ၃၉ ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ အခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၅၁ လုံးနှင့် ပစ္စည်းဉစ္စာအများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖနွမ်းပင်မီးဘေးကာကွယ်ရေးနှင့်ကယ်ဆယ်ရေးရဲတပ်ဖွဲ့ရုံး၏ပြောကြားချက်အရသိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို