ဖနောင်ပင် ဇန်နဝါရီ ၂၄
ကမ္ဘောဒီးယားနိုင်ငံ၌ မျောက် ကျောက်ရောဂါဖြစ်ပွားသူ တစ်ဦး ထပ်မံတွေ့ရှိသည့်အတွက် လွန်ခဲ့သည့် ဒီဇင်ဘာလ နောက်ပိုင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ပေါင်း လေးဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ အမျိုးသားအင်စတီကျု၏ ဓာတ်ခွဲခန်းရလဒ်များအရ ဇန်နဝါရီ ၂၃ ရက်တွင် အခြား အမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါ ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ကမ္ဘောဒီးယားနိုင်ငံတွင် မျောက်ကျောက်ရောဂါအတည်ပြု ကူးစက်သူပေါင်း လေးဦးအထိ ရှိလာခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
မျောက်ကျောက်ရောဂါဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတွင် ဗိုင်းရပ်စ်ပိုးရှိပါက မွေးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်မှ ကလေးသို့ ကူးစက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။
ဆင်ဟွာ