၁၆ အောက်တိုဘာ

 

 

ကမ္ဘောဒီးယားနိုင်ငံတွင် အင်အားပြင်းထန်သည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ် ၁၉ ခုတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့ရာ လူ ၁၃ ဉီးသေဆုံးခဲ့ပြီး ၁၂၃၇၆ ဉီးကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကမ္ဘောဒီးယားနိုင်ငံ၌  ယခုလဆန်းပိုင်းမှစပြီး ရေဘေးသင့်မှုကြောင့်  လူပေါင်း ၁၉၃၂၆၈ ဉီး  ၁၂၃၇၆ဉီး ကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးခဲ့ရကြောင်း  ကမ္ဘောဒီးယားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

 

ကလေးငါးဉီးအပါအဝင် လူပေါင်း ၁၃ ဉီး သေဆုံးခဲ့ကြေင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ပြည်နယ်လေးခု၌လည်း ဆိုးဝါးစွာ ထိခိုက်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

 

အဆိုပါ ရေကြီးမှုကြောင့် အိပ်ပေါင်း ၄၇၉၂၃ လုံး ပျက်စီးခဲ့ရပြီးနောက် ဆန်စပါးစိုက်ခင်းနှင့် အခြားသီးနှံ စိုက်ခင်းပေါင်း ၁၈၆၆၈၉ ဟက်တာ ရေနစ်မြုပ်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ရေကြီးမှုကို ဖြစ်ပေါ်စေနိုင်သော အပူပိုင်းမုန်တိုင်း ဆာဒယ်အရှိန်ကြောင့် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ လေပြင်းမုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း ရေအရင်းအမြစ်နှင့် ဇလဗေဒဝန်ကြီး လမ်ကီနန်ဟာက အောက်တိုဘာလ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်