ကမ္ဘောဒီးယားနိုင်ငံ၌ ယာဉ်မတော်တဆမှုများကြောင့် နေ့စဉ်ပျမ်းမျှ လေးဦးသေဆုံးဟုဆို

ဖနောင်ပင် ဒီဇင်ဘာ ၈

 

ကမ္ဘောဒီးယားနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် နေ့စဉ် ပျမ်းမျှ လေးဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဆာခေါင်းက ဒီဇင်ဘာ ၇ ရက်တွင် ပြောသည်။ 

 

သေဆုံးမှု၏ ၇၉ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်စီးနင်းသူများဖြစ်ပြီး ၎င်းတို့ထဲမှ  ၇၄  ရာခိုင်နှုန်းမှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းသောကြောင့် ဖြစ်ကြောင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးသူများအတွက်  အောက်မေ့ဖွယ်ရာနေ့ အခမ်းအနားတွင်  ဆာခေါင်းက ပြောသည်။ 

 

ထို့အပြင် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ အရှိန်မထိန်းနိုင်ခြင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းနှင့် ကျော်တက်မောင်းနှင်ခြင်းတို့ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါက ဦးထုပ်ဆောင်းထားခြင်းနှင့် ခါးပတ်ပတ် ထားခြင်းက အသက်အန္တရာယ်ကို ကာကွယ်ပေးကြောင်း ပြောကြား ပြီး မော်တော်ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ယာဉ်မောင်းသူများအား ခါးပတ်များကို မြဲမြံစွာပတ်ထားရန် ကမ္ဘောဒီးယားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆာခေါင်းက တောင်းဆိုထားသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမကိုးလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ၁၃၄၂  ဦး  သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိပြီး ပြင်းထန်သော အခြေအနေတွင်ရှိသူ ၂၀၀၄ ဦးရှိကြောင်း အမျိုးသားလမ်းဘေးအန္တရာယ်ကင်းရှင်းရေးကော်မတီက ပြောသည်။   
                                                                                         
ဆင်ဟွာ